ဆိုလိုချင်သည်မှာ ဗေဒင်နှင့် နက္ခတ်မတူညီခြင်းပင် ဖြစ်သည်။ ဗေဒင်ပညာသည် သက်သက်၊ နက္ခတ်ပညာရပ်သည် သက်သက်ပင် ဖြစ်သည်။ ရောထွေးရှုပ်ထွေးနေသည့် ပညာရပ်မဟုတ်ပေ။ သီးသန့်အခြေအနေပေါ်တွင် ပေါက်ဖွားခဲ့သည့် ပညာရပ်များပီပီ လူအများရဲ့ အသိထဲမှာ ရောထွေးမှုများ မဖြစ်စေချင်ပါ။ ဗေဒင်ပညာကို ဗေဒင်ပညာလို ဆက်ဆံပါ။ နက္ခတ်ပညာကို နက္ခတ်ပညာလို လေးစားစွာ ဆက်ဆံကြစေချင်ပါသည်။ သို့မှသာ ပညာရပ်တစ်ခုချင်းစီရဲ့ အတိမ်အနက်ကို သိရှိပြီး အပြန်အလှန်သော လေးစားမှုများကို ထားရှိနိုင်မှာ ဖြစ်ပါတယ်။ သို့အတွက် ဗေဒင်မေးတိုင်း နက္ခတ်မဟုတ်သလို နက္ခတ်ကြည့်တိုင်းလည်း ဗေဒင်ဆရာမဟုတ်ပါ။
Tuesday, October 11, 2011
ဗေဒင်နှင့် နက္ခတ်

Subscribe to:
Post Comments (Atom)
No comments:
Post a Comment