ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Wednesday, November 23, 2011

ရေအေးတစ်ခွက်………. ကင်ဆာ တစ်ဖက်………

                   
ကိုယ်ခန္ဓာ အာဟာရအတွက် လူသားတိုင်း အစာအာဟာရကို မှီဝဲကြရတယ်။ မြန်မာ့ရိုးရာ မိသားစု ထမင်းဝိုင်းတွေမှာတော့ ထမင်းစားရေသောက်ဆိုတဲ့ စကားအတိုင်း ထမင်းစားပြီးရင် ရေသောက်လေ့ ရှိကြပါသည်။ ထမင်းစားပြီး ရေသောက်တာဟာ အကြောင်းပြချက်မဟုတ်ပါဘူး။ လုပ်နေကျ အလုပ်တစ်ခုကို ၀တ္တရားကျေ ပြုလုပ်လိုက်ခြင်းလည်း မဟုတ်ပါဘူး။ ထမင်းစားပြီး ရေအေးတစ်ခွက်ကို သောက်လိုက်ရတဲ့ စည်းစိမ်ဟာ ဘာနဲ့မှ လဲမရတဲ့ အရသာတစ်မျိုးကို ခံစားရလို့ပါပဲ။ ဒါပေမယ့် အဲဒီလို ရေအေးတစ်ခွက်ကို ထမင်းစားပြီးတိုင်း သောက်လိုက်ခြင်းဟာ အခုခေတ် ကျန်းမာရေးရှုထောင့်မှ သုံးသပ်လျှင် ပြဿနာတစ်ရပ် ဖြစ်လို့လာပါပြီ။  ထမင်းစားပြီး ရေသောက်ခြင်းဟာ ကင်ဆာဖြစ်ဖို့အတွက် ရာခိုင်နှုန်းတချို့ကို ရှာတွေ့လာကြတယ်။
အစာအာဟာရတမျိုးမျိုးကို မှီဝဲသုံးဆောင်သည့်အခါ လူ့ကိုယ်ခန္ဓာအတွက် စွမ်းအင်တွေကို ပြန်လည် ဖြည့်စွမ်းပေးနိုင်ဖို့ပါပဲ။ ထိုသို့ ကုန်ခမ်းသွားတဲ့ အာဟာရ စွမ်းအင်တွေကို ဖြည့်စွမ်းဖို့အတွက် စားသောက်နေချိန်မှာလည်း လူကိုယ်ခန္ဓာမှ စွမ်းအင်တမျိုးကို အသုံးပြုပြီး အစားအသောက်ကို လက်ခံစားသောက်ရပါတယ်။ အဲဒီစွမ်းအင်ဟာ အစာကို ၀ါးပြီး မျိုချနိုင်ဖို့ သွားရည်၊ အစာကို ၀ါးနိုင်ဖို့ လှုံ့ဆော်မှု၊ အစာလက်ခံနိုင်ဖို့အတွက် စွမ်းအင် အစရှိတာတွေကို တပြိုင်နက်တည်းမှ လုပ်ဆောင်ရပါတယ်။ အစားအသောက်ကို စတင်စားသောက်ချိန်မှ ၀မ်းထဲသို့ ရောက်သည့်တိုင်အောင် စွမ်းအင် အဆင့်ဆင့်ကို အသုံးပြုခဲ့ရသဖြင့် အစားနှင့်အတူ အပူဓာတ်အလုံအလောက်ကိုပါ ထိန်းညှိပြီး အသုံးပြုရပါတယ်။ အလားတူ အစာစားပြီးချိန်တွင် ၀မ်းထဲသို့ ရောက်လာသော အာဟာရစွမ်းအင် အပူကို ငြိမ်းအေးရန်နှင့် ခံတွင်းထဲမှ စားကြွင်းစားကျန်များကို ရှင်းလင်းရန်၊ အူလမ်းကြောင်းတစ်လျှောက်ကို ဆေးကြောရန် အလို့ငှာ ဦးနှောက်၏ ညွှန်ကြားချက်အတိုင်း အရည်တမျိုးမျိုးကို မှီဝဲချင်စိတ်ပေါက်လာကြပါတယ်။ အဲလို အခါမျိုးမှာ ရေအေးတစ်ခွက်တစ် သို့မဟုတ် အအေးတမျိုးကို မှီဝဲတတ်ကြပါတယ်။ အဲဒီလို မှီဝဲသည့်အခါ အစာထဲတွင် ပါဝင်သော အပူစွမ်းအင်များသည် ရုတ်တရက် အအေးနှင့် ထိတွေ့လိုက်ရသည့်အတွက် အစာထဲမှ အဆီတချို့သည် ချက်ချင်းပင် အခဲအဖြစ်သို့ အသွင်ပြောင်းသွားတတ်သည်။ ထိုသို့ အေးခဲသွားသော အဆီများသည် အစာချေဖျက်ရန် အသင့်ရှိနေသော အက်ဆစ်နဲ့တွေ့ကာ အူနံရံများမှ စုပ်ယူခြင်းကို လျင်မြန်စွာ ခံရပါတယ်။ အသွေးထဲသို့ ရောက်သွားသော အဆီစုများသည် ကင်ဆာရောဂါ ဖြစ်ဖို့အတွက် အကောင်းဆုံးသော ကုန်ကြမ်းများပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစားအစာကို မှီဝဲပြီးသည့်အခါတိုင်း ရေနွေးကြမ်း ပူပူလေးတစ်ခွက်ဖြစ်ဖြစ်၊ စွပ်ပြုတ်ရည်လေးဖြစ်ဖြစ် ခပ်နွေးနွေးအတိုင်းအတာလေး မှီဝဲသင့်ပါတယ်။ အတော်အတင့်သော အချိန်ရောက်မှ ရေသောက်ခြင်းဖြင့် ရောဂါဘယကင်းဝေးပြီး ကျန်းမာသော ဘ၀ကို  ပိုင်ဆိုင်နိုင်ကြစေရန် ရေးသားအပ်ပါတယ်…….။

သားဦး
(၂၃.၁၁.၂၀၁၁၊ ဗုဒ္ဓဟူးနေ့၊
နံနက် ၆း၃၃ နာရီ)

No comments:

Post a Comment