ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Monday, November 21, 2011

ဆီမီးစာ

ဆီရွှမ်းတဲ့ မီးစာ
အလင်းဖြာ အညွန့်လူလူနဲ့
တောက်ပခဲ့ တချိန်ခါ . . .
ခုချိန်ခါ ဆီကုန်ခမ်းလုပြီမို့
လောင်ကျွမ်းခဲ့ မီးစာလည်း
လျှင်မကြာ ကြွေရတော့မည်။

မီးစာနှယ် မိနှင့်ဖ
သိရတဲ့ ဒီအချိန်မှာဖြင့်
ဆီခမ်းကာ ညှိုးတော့မလား
စိုးထိတ်စွာ ပူလင့်လည်း
တနေ့မှာဖြင့် ကြွေရမည်။

အို . . .မီးစာရယ်
အကြွေရယ် မစောပါနဲ့
ရင်မောဖွယ် လူ့ဘ၀မှာ
လမ်းမမှားအောင် အလင်းပြခဲ့
ထွန်းလင်းပေးခဲ့ ထိုမီးစာကို
ဆိုမငြီးဖွယ် လုပ်ကျွေးမယ့်
သားမောင်တို့အလှည့် ရောက်ပါပြီ . . . ။

သားဦး
မနက် ၀၀း၃၆ (ဗုဒ္ဓဟူး)
4.8.2010

No comments:

Post a Comment