နက္ခတ်ပညာဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀၀) ခန့်ကတည်းကပင် အိန္ဒိယ၌ ပညာရပ်တစ်ခုအဖြစ် ထွန်းခဲ့နေခဲ့သည်။ သိပ္ပံပညာမပေါ်ပေါက်မီကပင် ထွန်းကားခဲ့သော ပညာလည်း ဖြစ်ပေသည်။ ယနေ့တိုင် သုံးစွဲနေရခြင်းမှာ ခေတ်အဆက်ဆက်၌မှန်ကန်သော ဟောကိန်းများကို ထုတ်ဖော်နိုင်ခဲ့၍သာဖြစ်ပေသည်။
လူအများ လွဲမှားနေသော အချက်မှာ ဗေဒင်နှင့် နက္ခတ်ပညာရပ်အပေါ် မှားယွင်းစွာ နားလည်နေကြခြင်းပင်ဖြစ်သည်။ နက္ခတ်ပညာဆိုသည်မှာ ဗေဒင်ပညာ မဟုတ်ပေ။ ဗေဒင်ပညာသည်လည်း နက္ခတ်ပညာမဟုတ်ပေ။ နက္ခတ်ပညာဆိုသည်မှာ လူသားများနှင့် စကြာဝဠာအတွင်းတွင်ရှိသော ဂြိုဟ်များ၊ နက္ခတ်များ ဆက်နွယ်မှုကို လေ့လာပြီး လူသားတို့အပေါ် အကျိုးသက်ရောက်မှုကို ပြောကြားသော ပညာဖြစ်သည်။ သို့အတွက်ကြောင့် စကြာဝဠာအတွင်းမှ ဂြိုဟ်တွေနှင့် လူသားများ ဘယ်လို
စပ်ဆက်သလဲကို တင်ပြပေးပါမည်။ လူအများပြောဆိုနေကြသည့် တနင်္ဂနွေဂြိုဟ်ဟု တင်စားခေါ်နေကြသော နေမင်းကြီးကြောင့် ကျွန်ုပ်တို့ ကမ္ဘာပေါ်တွင် ဥတုရာသီများ ဖြစ်ပေါ်ခြင်း၊ ပြောင်းလဲခြင်း၊ နွယ်ပင်၊ မြက်ပင်၊ သစ်ပင်များ၊ တိရစ္ဆာန်များ ပေါက်ပွားကာ ကမ္ဘာလောကဓာတ်သည်လည်း ဖြစ်ပေါ် ပြောင်းလဲ တိုးတက်လျက်ရှိပေသည်။ အလားတူပင် စန္ဒာလမင်းဟူသော တနင်္လာဂြိုဟ်ကြောင့်လည်း လပြည့်၊ လကွယ်များ ဖြစ်ပေါ်ကာ ဒီရေ၊ အတက်၊ အကျ၊ ပင်လယ်ရေပြောင်းလဲမှုများကြောင့် သစ်ပင်၊ တိရစ္ဆာန်နှင့် ရာသီဥတုများ ပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသည်။ ဤအချက်သည် စကြာဝဠာအတွင်းမှ ဂြိုဟ်တို့သည် လူသားများအပေါ် လွှမ်းမိုးမှုရှိခြင်းကို လက်တွေ့ပြနိုင်သော သာဓကပင်ဖြစ်သည်။ ဂြိုဟ်များသည်လည်း စကြာဝဠာအတွင်းတွင် အလုပ်လုပ်နှစ်လုပ်ကို လုပ်ကိုင်နေကြရသည်။ တမျိုးမှာ မိမိဝင်ရိုးပေါ်တွင် လည်ပတ်ခြင်းနှင့် နောက်တမျိုးမှာ နေကိုပါတပြိုင်နက်ထဲ လှည့်ပတ်နေရခြင်းပင်ဖြစ်သည်။
ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင် နေထိုင်သော သတ္တ၀ါများ ဖြစ်သည်နှင့်အညီ စကြာဝဠာအတွင်းရှိ ဂြိုဟ်များနှင့် ရုပ်ဝတ္ထုများ၏ လွှမ်းမိုးခြင်းကို ခံရသည်။ ဂြိုဟ်များ၊ နက္ခတ်များ၏ လှုံ့ဆော်မှု၊ ပြောင်းလဲမှု၊ ဖောက်ပြန်မှုများကြောင့် ဤကမ္ဘာပေါ်တွင် ရေကြီးခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မုန်တိုင်းကြီးများ ဖြစ်ပေါ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီများ ဖြစ်ပေါ်ခြင်းတို့ ဖြစ်ပေါ်ရသည်။
အလားတူပင် လူတစ်ယောက်မွေးဖွားလာချိန်တွင် ဖြစ်ပေါ်လာသော ထိုသူအတွက် နက္ခတ်တာရာများ၊ ဂြိုဟ်များသည် ထိုသူတစ်ယောက်အတွက် အပြည့်အ၀ အကျုံးဝင်သည်။ မွေးဖွားချိန်မှ သေသည်အထိ ဖြတ်သန်းရမည့် ဘ၀တွေကို မြေပုံတစ်ခုသဖွယ် ပေးအပ်လိုက်သည့်ပမာဖြစ်သည်။ သို့သော် တနေ့တာအတွင်း မွေးဖွားတာခြင်း တူပေမယ့် နာရီ၊ မိနစ်၊ စက္ကန့်တွေ ခြားသွားသည်နှင့်အမျှ လူတစ်ယောက်နှင့်တစ်ယောက် ကံဇာတာခြင်း၊ နက္ခတ်ခြင်း၊ ဂြိုဟ်ခြင်း မတူညီနိုင်ကြသလို၊ ဘ၀တည်ဆောက်ပုံခြင်းတွေလည်း ကွာသွားရသည်။ နာရီပိုင်းအတွင်း အတူတူ မွေးကြသည့် အမွှာနှစ်ယောက်ပင်လျှင်တောင်မှ ကံဇာတာခြင်း မတူညီကြပေ။ မွေးဖွားချိန်တွင် ဖြစ်ပေါ်လာသည့် နက္ခတ်များက ထိုလူတစ်ယောက်အတွက် ဘ၀တသက်စာ လွှမ်းမိုးမှုကို ပေးလိုက်ခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ပါ၍ စကြာဝဠာအတွင်းတွင် သူ့အလိုလို ရပ်တည်နေသော ဂြိုဟ်တွေက လူသားတွေနှင့် အမှန်တကယ်ပင် ဆက်စပ်လျက်ရှိနေပါကြောင်း ရေးသားလိုက်ရပါသည်။
သားဦး (26.11.2011)
No comments:
Post a Comment