မဟာဘုတ်........
ဆရာကြီးတော့မဟုတ်ဘူး။ တတ်လို့လည်း မဟုတ်ဘူး။ အထင်မကြီးပါနဲ့။ အားလုံးကို သိစေချင် တတ်စေချင်လို့ ကိုယ်သိသလောက်ကို ဝေငှပေးရုံသက်သက်မျှသာ ဖြစ်သည်။ အားလုံးကို လေးစားပါတယ်။


ဆရာကြီးတော့မဟုတ်ဘူး။ တတ်လို့လည်း မဟုတ်ဘူး။ အထင်မကြီးပါနဲ့။ အားလုံးကို သိစေချင် တတ်စေချင်လို့ ကိုယ်သိသလောက်ကို ဝေငှပေးရုံသက်သက်မျှသာ ဖြစ်သည်။ အားလုံးကို လေးစားပါတယ်။
မြန်မာ့ရိုးရာ ဗေဒင်ပညာတွင် လက်ရိုးနှင့် လက်ဆန်းဟူ၍ နှစ်မျိုးရှိခဲ့ပါသည်။ လက်ရိုးပညာရပ်ထဲတွင် နက္ခတ်ကဲ့သို့ ပညာရပ်များ ပါဝင်၍ လက်ဆန်းပညာရပ်တွင်မူကား မဟာဘုတ်၊ သက်ရောက်၊ သုံးတန်ပေါ်နိစ်၊ အင်္ဂ၀ိဇ္ဇာ၊ လက္ခဏာ အစရှိသော ပညာရပ်များ ပါဝင်ခဲ့လေသည်။ ဗေဒင်ကို စတင်လေ့လာသူအများအတွက် ဗေဒင်အချုပ် မဟာဘုတ်ဟူ၍ ပြောဆိုခဲ့ကြရာ မဟာဘုတ်မှ စတင်သင်ယူလေ့လာလျှင် အသင့်တော်ဆုံး ဖြစ်ပေသည်။ မဟာဘုတ်ကို စတင်လေ့လာသူများအတွက် ကိန်းဂဏန်းနှင့် အက္ခရာစဉ်၊ နေ့နံများကို သိရှိထားရပေမည်။
တနင်္ဂနွေဂြိုဟ် - (၁)
တနင်္လာဂြိုဟ် - (၂)
အင်္ဂါဂြိုဟ် - (၃)
ဗုဒ္ဓဟူးဂြိုဟ် - (၄)
ကြာသပတေးဂြိုဟ် - (၅)
သောကြာဂြိုဟ် - (၆)
စနေဂြိုဟ် - (၇) (၀) ဟူ၍လည်းရေးသားကြသည်။
ရာဟုဂြိုဟ် -(၈)
ကိတ်ဂြိုဟ် - (၉) ဟူ၍ သတ်မှတ်ထားကြသည်။
အလားတူပင် အက္ခရာများဖြင့် နေ့နံ သတ်မှတ်ရာတွင်
က၊ ခ၊ ဂ၊ ဃ၊ င (တနင်္လာ)
စ၊ ဆ၊ ဇ၊ စ်၊ ည (အဂၤါ)
ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ (စေန)
တ၊ ထ၊ ဒ၊ ဓ၊ န (စေန)
ပ၊ ဖ၊ ဗ၊ ဘ၊ မ (ၾကာသပေတး)
ယ၊ ရ၊ လ၊ ၀ (ဗုုဒၶဟူး၊ ရာဟု)
သ၊ ဟ (ေသာၾကာ)
အ၊ ဥ၊ သြ (တနင်္ဂနွေ)
ကျက်မှတ်ထားရန် လင်္ကာမှာ အောင် လံ ထူ စစ် သူ ကြီး ပွဲ ဟူ၍ပင်ဖြစ်သည်။
၎င်းအချက်အလက်များအားလုံးကို မှတ်သားပြီးနောက် မဟာဘုတ်ဇယားကွက်ကို ရေးဆွဲရပါမည်။ ဇယားကွက်မှာ အကွက်ကလေး ကိုးကွက်ပါပြီး ထန်းလက်ကွက်ဟု ခေါ်ကြသည်။ အောက်ပါပုံစံအတိုင်းဖြစ်သည်။
၎င်းနောက် အကွက်များသို့ ထည့်သွင်းပုံအဆင့်ဆင့်ကို ပြသွားပါမည်။
အကွက်များအတွင်းသို့ စတင်ရေးသွင်းသည့်အခါတွင် ဘင်္ဂမှ စတင်ရေးသွင်းပြီး၊ မရဏ၊ အထွန်း၊ သိုက်၊
ရာဇ၊ ပုတိ၊ အဓိပတိဟူ၍ အစဉ်လိုက်အတိုင်း ရေးသွင်းရသည်။
ဒီအဆင့်ထိ သိပြီးလျှင် တွက်နည်းကို အနည်းငယ် ရှင်းပြပါမည်။ ဥပမာ ၁၃၅၀ ခုနှစ်တွင် မွေးဖွားသည့် တနင်္လာသား တစ်ယောက်ကို တွက်ကြမည် ဆိုပါစို့…….။
၁၃၅၀ ကို ၇ ဖြင့် စားရပါမည်။
အကြွင်း ၆ ကို ရရှိပေလိမ့်မည်။
အကြွင်း ၆ ရရှိသော တနင်္လာသားအတွက် မဟာဘုတ်ကို ချကြည့်လျှင်……. လင်္ကာရွတ်ကြည့်လျှင် ၆ ဟူသော သောကြာအတွက် သူ မှ စတင်ရေတွက်ရပါမည်။
သို့ဖြစ်၍ သူ ကြီး ပွဲ အောင် လံ ထူ စစ် ဟူ၍ ရေတွက်ရပါသည်။ ဘင်္ဂမှ စတင်ထည့်သွင်းရသည့်အတွက် ကိန်းစဉ်အားဖြင့် ၆၊ ၂၊ ၅၊ ၁၊ ၄၊ ၇(၀)၊ ၃ တို့အား ထည့်သွင်းရပါမည်။ အောက်မှ ပုံစံလေးအား ကြည့်လိုက်ပါလျှင် နားလည်သွားပါလိမ့်မည်။တနင်္လာသားဖြစ်သဖြင့် မရဏဖွား ဖြစ်ပေသည်။ ဤနည်းအားဖြင့် မိမိတို့၏ မွေးသက္ကရာဇ်များကို တွက်ချက်ပြီး မိမိသည် ဘာဖွားဖြစ်သည်ကို ကိုယ်တိုင် တွက်ကြည့်နိုင်ကြပါပြီ။
သင်၏စကားတစ်ခွန်းသည်
ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်…….
အားလုံးကို လေးစားလျက်……
သားဦး
No comments:
Post a Comment