သစ်ရွက်တွေ မြေမှာခလို့ ကြဲပြန့်နေတဲ့ မြေပြင်ပေါ်မှာ မထင်မှတ်ဘဲ တိုက်ခက်တဲ့လေပြေကြောင့် ဖရိုဖရဲ ဖြစ်ကုန်ရတယ်။ အဲဒီလိုပဲ ကျွန်တော့်ရဲ့ အချစ်တွေကလည်း သူနဲ့တွေ့ပြီးမှ သစ်ရွက်တွေလို ကြွေခဲ့ရတယ်။ သူ့ရဲ့ မထင်မှတ်တဲ့ အဖြေစကားကြောင့် ကျွန်တော့်ဘ၀လဲ ဖရိုဖရဲနဲ့ စိတ်တွေ ကစဥ့်ကလျား ဖြစ်ခဲ့ရတယ်။ တကယ်တော့ ကျွန်တော်က ချစ်ချင်တာပဲ သိတာကိုး။ သူ့နောက်က မာယာနဲ့ တိုက်ခတ်မယ့် လေပြေကို လျော့တွက်မိတာ ကျွန်တော် မှားသွားတာပဲ ဖြစ်မှာပါ။
ဆောင်းမနက်ရဲ့ အေးမြမှုက အားလုံးကို တည်ငြိမ်စေပေမယ့် ကျွန်တော့်ရင်က ပူလောင်မှုတွေကိုတော့ တည်ငြိမ်အောင် မငြိမ်းသတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် နှင်းတွေကတော့ ကျနေဆဲပါ။ ကျွန်တော် ၀မ်းနည်းမိတယ်။ နှင်းပွင့်လေးတွေ လေမှာဝဲနေချိန်မှာ ကျွန်တော့်အနားမှာ ဝေ့၀ိုက်ပြီး ကျဆင်းနေပေမယ့် ကျွန်တော့်ချစ်သူကတော့ ကျွန်တော့်ကို ပူလောင်ခြင်းတွေပဲ ပေးခဲ့တာကိုး။ ကျွန်တော့်ရဲ့ ပူလောင်မှုတွေကို နှင်းပွင့်လေးတွေက မသိနိုင်ဘူး။ ငြိမ်သက်နေပေမယ့် ပူလောင်သူတစ်ယောက်ကို သူတို့က ကျီစယ်လို့ ကစားလို့ ကောင်းနေတုန်းပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့အတွေးနဲ့ ကျွန်တော့်ရဲ့စိတ်က အဲဒီနှင်းပွင့်လေးတွေကိုပဲ အာရုံထားခဲ့မိတယ်။ နှင်းပွင့်လေးတွေက ကျွန်တော့်ရင်ကို ဘယ်လိုများ အေးအောင် လုပ်ပေးပါ့မလဲလို့ မျှော်တလင့်လင့်နဲ့ပေါ့။ ဒီလိုနဲ့ နွေဦးပေါက်ကိုရောက်လာခဲ့တယ်။ နှင်းပွင့်လေးတွေကလည်း ရင်ထဲက အပူကို မငြိမ်းသတ်နိုင်ခဲ့သလို မီးလောင်ရာ လေပင့်တော့မယ့် အပူဒဏ်နဲ့အတူ နွေရာသီကလည်း ရောက်လာခဲ့တယ်။ ဒီအချိန်မှာတော့ ပူလောင်ခြင်းအထပ်ထပ်နဲ့ ပြန်လည် တမ်းတမိလေသည်က ကျွန်တော့်အနားမှာ ရစ်ဝဲခဲ့လေသော နှင်းပွင့်လေးများသာ . . . ။
No comments:
Post a Comment