ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Monday, October 10, 2011

နက္ခတ်ပညာနှင့် ဘုရားအလောင်း


သိပ္ပံခေတ် ကမ္ဘာသို့ ဦးတည်ရောက်ရှိနေပြီ ဖြစ်သော်လည်း ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်းဆိုသည့်အတိုင်း အတိတ်၊ နိမိတ်၊ သဘောင်နှင့် ဝေဒ၊ ဗေဒပညာလက်ကျန်များပါ ထွန်းကားနေဆဲ ဖြစ်ပေသည်။ နက္ခတ်ပညာသည် ဝေဒအတတ်ပညာထဲတွင် ပါဝင်ပြီး ဗေဒင်ပညာ၏ အစိတ်အပိုင်းများဖြစ်သော လက်ရိုးနှင့် လက်ဆန်းပညာတွင် လက်ရိုးပညာရပ်တစ်ခုလည်း ဖြစ်ပေသည်။ လက်ရိုးဗေဒင်ပညာဖြစ်သည့်တိုင် ဘုရားလောင်း သိဒ္ဓိတ္ထမွေးဖွားချိန်တွင်ပင် ဒီနက္ခတ်ပညာကို တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့သည့်မှာ အထောက်အထား အခိုင်အမာ ကျန်ရှိနေဆဲဖြစ်ပေသည်။ နှောင်းပိုင်းခေတ်တွင် နက္ခတ်ပညာသည် ပြန်လည် အသက်ဝင်လာပြီး လူအများ စိတ်ပါဝင်စားစွာဖြင့် လေ့လာသော ပညာလည်း ဖြစ်ပေသည်။ တချိန်တခါက ပုဏ္ဏားမျိုးရိုးများတွင်သာ သုံးစွဲခဲ့ကြပြီး လူသိနည်းခဲ့သည်။

မြတ်စွာဘုရားအလောင်းလျာ သိဒ္ဓိတ္ထမင်းသား မွေးဖွားချိန်တွင် သာကီဝင်မင်းမျိုးတို့ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ကလေးနှင့် ပတ်သက်သော ရှေးဖြစ်နိမိတ်များကို ဖခမည်းတော်မှ ပုဏ္ဏားများကို နိမိတ်အဖတ်ခိုင်းသည်။ ၄ ဦးသော  ပညာရှိ ပုဏ္ဏားတို့သည် အသီးသီးတွက်ချက်ပြီး အဖြေပေးရာတွင် စကြ၀တေးမင်းသော်လည်းကောင်း၊ ဘုရားစင်စစ် သော်လည်းကောင်း ဖြစ်မည်ဟုသာ ၃ ဦးသော ပုဏ္ဏားတို့က နိမိတ်ဖတ်ကြသည်။ အငယ်ဆုံး၊ နောက်ဆုံး စူဠပုဏ္ဏားသာလျှင် ဘုရားစင်စစ်ဧကန်ဖြစ်မည်ဟု ဧကပစ္စယာ တစ်ခွန်းတည်းသာ ဖြေကြားပြီး တောထွက်ကာ  ဘုရားဖြစ်လတ္တံသော ဘုရားလောင်းမင်းသားအား စောင့်စားကာ တရားအားထုတ်လေတော့သည်။

အဘယ်သို့သော ပညာရပ်မျိုးဖြင့် ဘုရားအလောင်းအား နိမိတ်ဖတ်ခြင်းအမှုပြုသည်ကို လေ့လာဆန်းစစ်ကြည့်သောအခါ နက္ခတ်ပညာရပ်တစ်ခုတည်းကိုသာ သုံးစွဲကာ ဟောပြောခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

ကျွန်ုပ်အနေဖြင့်လည်း သိသလောက်ကို ပြန်လည် ဝေငှခြင်းဖြစ်ပေရာ လွဲမှားမှုများရှိပါက အမှန်ကို ပြောပြလို့ တည့်မတ်ပေးကြပါလို့ ပန်ကြားပါရစေ..................။

အားလုံးကို လေးစားလျက်............

No comments:

Post a Comment