မိုးဝဿန်ရယ်
ညိုးမာန်ရယ် ထားခဲ့လေသလား…….။
နယ်ရှစ်ခွင်ရပ်ဆိုင်း
အုံ့မှိုင်းတဲ့ တိမ်သလ္လာ
အိမ်အပြင်မှာ လျှပ်ပန်းတွေနဲ့
မရပ်တမ်း ရွာလေတော့မလား………..။
ဟိုတချိန်ဆီက
အမေသည် လမ်းမကိုမျှော်
ပြန်လမ်းကျော် သားမောင်အကြိုထောက်လို့
ဗွေနှောက်တဲ့ စိတ်အစဉ်ဟာ
အတိတ်ထင် ဝေတ၀ါးနဲ့
ပြန်လာလေမလား မိုးထဲမှာ……….။
ဒီတစ်ခါ မိုးသည်းချိန်မှာတော့
ခွဲခွာသူ အမေစကား
နားကြားယောင်လာ အမေ့ပုံရိပ်တွေနဲ့
အိပ်မပျော်ညရဲ့ သားရင်မှာတော့
၁၂ ရာသီ မိုးသည်းနေခဲ့တာ……..။
သားဦး
(6.9.2011 အင်္ဂါနေ့)
(6.9.2011 အင်္ဂါနေ့)
No comments:
Post a Comment