ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Wednesday, February 6, 2013

ဖေဖော်ဝါရီလမှာ ဘာကြောင့် ၂၈ ရက်ပဲ ရှိတာလဲ?

ကမ္ဘာ့သက္ကရာဇ်တွေရဲ့လတွေကို လကြီးလငယ်ဆိုပြီးခွဲတယ်။ လကြီးက ၃၁ရက်၊ လငယ်က ၃၀ရက်၊။ ဒါပေမယ့် နှစ်လပိုင်းတစ်လတည်းကျမှ ၂၈ရက်ဖြစ်နေတယ်။ တချို့ နှစ်တွေကျတော့လည်း ၂၉ ရက်။ ဒါဘာကြောင့်လဲ။ ပြောရရင်ရယ်စရာဖြစ်နေတယ်။ ဒီစည်းကမ်းဟာလည်း မဟုတ်ကဟုတ်က ဖြစ်နေတယ်။
          ခရစ်သက္ကရာဇ်မတိုင်မီ ၄၆နှစ်တုန်းက ရောမစစ်ဦးစီးချုပ် ရူးလ်ကိုင်ဇာဟာ သက္ကရာဇ်သတ်မှတ်တဲ့အလုပ်ကိုလုပ်တယ်။ မူလကနှစ်စဉ်၁၂လရှိတဲ့အနက် မ,ဂဏန်းဆိုရင် လကြီး ၃၁ရက်၊ စုံဂဏန်းဆိုရင် လငယ် ၃၀ ရက်လို့သတ်မှတ်တယ်။ နှစ်လပိုင်းဟာ စုံဂဏန်း၃၀ရက်ဖြစ်ရမယ်။ ဒါဆိုရင်လကြီးလငယ် ၆လစီမှတ်လို့လည်းလွယ်တယ်။ ဒါပေမယ့် ဒီအတိုင်းတွက်လိုက်ရင် တစ်နှစ်မှာ ၃၆၅ရက်မဟုတ်တော့ပဲ ၃၆၆ ရက်ဖြစ်နေတယ်။ တစ်နှစ်အတွင်းတစ်ရက်နှုတ်ပစ်ရလိမ့်မယ်။ ဘယ်လထဲကနှုတ်ရမလဲ။ အဲဒီတုန်းက ရောမဓလေ့ထုံးစံအရ သေဒဏ်ကျတဲ့ အကျဉ်းသားကို နှစ်လပိုင်းမှာသတ်လေ့ရှိတယ်။ ဒါကြောင့် လူတို့ကဒီလကိုမင်္ဂလာမရှိတဲ့လလို့ ယူဆကြတယ်။  အဲဒီတော့ တစ်နှစ်အတွင်းတစ်ရက်လျှော့မယ်ဆိုရင် နှစ်လပိုင်းထဲက တစ်ရက်နှုတ်လိုက်ရင် မင်္ဂလာမရှိတဲ့လမှာ တစ်ရက်လျော့သွားတာပေါ့။ ဒါကြောင့် နှစ်လပိုင်းဟာ ၂၉ ရက်ဖြစ်သွားတယ်။

          နောင်အခါ အော်ဂူစတူလို့ခေါ်တဲ့လူဟာ ရူးလ်ကိုင်ဇာရဲ့ အရိုက်အရာကိုဆက်ခံပြီး ရောမဘုရင်ဖြစ်လာတယ်။ အော်ဂူစတူက ရူးလ်ကိုင်ဇာရဲ့မွေးနေ့ဟာ ၇လပိုင်းမှာဖြစ်တယ်။ ၇လပိုင်းဟာလကြီး ၃၁ရက်။ အော်ဂူစတူကိုယ်တိုင်ကတော့ ၈လပိုင်းမှာမွေးတယ်။ ၈လပိုင်းဟာ လငယ်၃၀ရက်ထဲရှိတယ်။ ရူးလ်ကိုင်ဇာနဲ့ ဂုဏ်သိမ်တူအောင် အော်ဂူစတူဟာ ၈လပိုင်းကို ၃၁ရက်အဖြစ်ပြောင်းဖို့ဆုံးဖြတ် လိုက်တယ်။ တစ်လက်စတည်းကျန်နှစ်ဝက်ပိုင်းကလတွေကိုလည်းပြောင်းပစ်လိုက်တယ်။ ၉ လ နဲ့ ၁၁ လ ဟာ မ,ဂဏန်း၊ မူလကလကြီး။ လငယ်ပြောင်းလိုက်တယ်။ ၁၀လနဲ့ ၁၂ လဟာမူလက လငယ်၊ လကြီးပြောင်းတယ်။ တစ်ခါ ရက်ပိုလာတာကို မင်္ဂလာမရှိတဲ့နှစ်လပိုင်း ထဲကပဲ နှုတ်ပစ်လိုက်တယ်။ ဒီတော့ နှစ်လပိုင်းဟာ ၂၈ ရက်ပဲကျန် တော့တယ်။
          အနှစ် ၂၀၀၀ ကျော်အတွင်း လူတို့ဟာ ဒီအကျိုးအကြောင်းမရှိတဲ့ သတ်မှတ်ချက်ကို အသုံးပြုလာတာဟာ အလေ့အကျင့်မျှသာ ဖြစ်တယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ပြက္ခဒိန်လေ့လာသူများဟာ ပြက္ခဒိန်ကို တိုးတက်ပြုပြင်ဖို့ အစီအစဉ်များတင်ပြခဲ့တယ်။ ပြက္ခဒိန်ကိုပိုပြီး ကျိုးကြောင်းဆီလျော်အောင်ပြုပြင်ချင်ကြတယ်။

(ဝမ်ကိုကျုံး)
တရုတ်ပြည်ကလေးလူငယ်ထုတ်ဝေရေးဌာနမှထုတ်ဝေတဲ့ SHI WAN GE WEISHENME စာအုပ်တွဲမှ စာရေးဆရာမကြည်ကြည်မာကောက်နှုတ်ပြန်ဆိုသည့် “အဘယ်ကြောင့်တစ်သိန်း” စာအုပ်မှကူးယူဖော်ပြသည်။

No comments:

Post a Comment