ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Wednesday, November 2, 2011

သဗ္ဗဇယမင်္ဂလာ ဂါထာတော်

ဒိဝါ တပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိ မာ ။
သန္နဒ္ဓေါ် ခတ္တိယော တပတိ ၊ ဈာယီ တပတိ ဗြဟ္မဏော ။
အထ သဗ္ဗမဟာရတ္တိံ ၊ ဗုဒ္ဓေါ တပတိ တေဇသာ ။


အာဒိစ္စော၊ နေမင်းသည်။ ဒိဝါ၊ နေ့အခါ၌။ တပတိ၊ လောက အလယ် တင့်တယ်ပါပေ၏ ။

စန္ဒိမာ၊ လမင်းသည်။ ရတ္တိံ၊ ညဥ့်အခါ ၌။ ဘာတိ၊ နှစ်သက်ဖွယ် တင့်တယ်ပါပေ၏ ။

သန္နေဒ္ဓေါ၊ ချပ်ဝတ်တန်ဆာ စုံလင်ဆင်ယင်ထားသော။ ခတ္တိယော၊ ပြည့်ရှင်မင်းသည်။ တပတိ၊ တင့်တယ်ပါပေ၏ ။

ဈာယီ၊ သမာပတ် ၀င်စား လျက်ရှိသော။ ဗြဟ္မဏော၊ ရဟန္တာ ပုဂ္ဂိုလ် သည်။ တပတိ ၊ တင့်တယ်ပါပေ၏ ။

အထ၊ ထိုမှ ကြူး၍ ထူးသည်ကား ။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည် ၊သဗ္ဗံ ၊ အလုံးစုံသော။ အဟောရတ္တိံ၊ နေ့ညဉ့်ကာလပတ်လုံး။

တေဇသာ၊ တန်ခိုးတော် အနန္တ ဖြင့်။ တပတိ၊ အံသြ လောက်ဖွယ် လောကအလယ်၌ တင့်တယ်ပါပေ၏ ။
မင်္ဂလာရှိဖို့ သဗ္ဗမင်္ဂလာ ဂါထာကို ရွတ်ကြပါစို့။

No comments:

Post a Comment