ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Sunday, December 11, 2011

၂၀၁၂ မှာ တကယ် ကမ္ဘာပျက်တော့မလား……………



မကြာခင်မှာ ရောက်ရှိတော့မယ့် ၂၀၁၂ ခုနှစ်ကို ကြိုဆိုခြင်းနှင့်အတူ ၂၀၁၁ ကိုလည်း နှုတ်ဆက်ရမယ့် အချိန်ကို ရောက်ရှိလာခဲ့ပါပြီ။ အဲလို ရောက်ရှိလာခြင်းနှင့်အတူ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပျက်မည်ဟု ပြောဆိုနေကြတဲ့ အသံများကလည်း တုန်လှုပ်ချောက်ခြားစရာ ကောင်းလှသည်။ တကယ်ကမ္ဘာပျက်မည်၊ မပျက်ဘူးဆိုတာကိုတော့ လူတိုင်း အတိအကျ မသိကြဘူး။ ဒါပေမယ့် တွက်ကိန်းတစ်ခုသဖွယ် ခန့်မှန်းလို့ ရစကောင်းတဲ့ အချက်အလက်လေးတွေ ရှိနေတယ်။ အဲဒါတွေကို တင်ပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ်ပဲ ကမ္ဘာပျက်တော့မလားလို့ သိချင်ကြမယ် ထင်ပါတယ်။

ဒီအကြောင်းကို မပြောမီ ကျွန်ုပ်အနေနဲ့ ပုံပြင်သဖွယ် ကြားဖူးတာလေးကို ပထမဦးစွာ တင်ပြပါရစေ။ ယခုလက်ရှိအခြေအနေမှာလည်း တကယ့်အဖြစ်အပျက် ဖြစ်ပါတယ်။ ကြာသပတေးဂြိုဟ်နဲ့ ဗုဒ္ဓဟူးဂြိုဟ်တို့ရဲ့ orbit ပတ်လမ်းထဲမှာ အချိန်မရွေး ၀င်ရောက်လာနိုင်နဲ့ ဥက္ကာခဲ၊ ဥက္ကာပျံများစွာ ရှိနေကြောင်း ကျွန်ုပ် ဖတ်မှတ်ခဲ့ဖူးပါတယ်။ အဲဒီလို ရှိနေတဲ့ အစိုင်အခဲတွေဟာ အချိန်မရွေး ၀င်ရောက်လာနိုင်သလို ၀င်ရောက်ခြင်းမရှိပဲ ပတ်လမ်းအတိုင်း လှည့်ပတ်ခြင်းကိုလည်း ပြုလုပ်နေနိုင်ကြတယ်။ အဲဒီလို ၀င်ရောက်လာနိုင်တဲ့ ဥက္ကာခဲ ထုထည်ပမာဏတွေထဲမှာ ကမ္ဘာနဲ့ အရွယ်အစားချင်း တူညီတဲ့ ဥက္ကာခဲများအထိ ပါဝင်နေပါတယ်။ ဒါတွေက တခြားဂြိုဟ်တွေကကို ကျွန်ုပ်တို့က လေ့လာရာမှ သိရှိလာခဲ့ကြခြင်း ဖြစ်သည်။ ထို့အတူ ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကိုလည်း ကျွန်ုပ်တို့ လေ့လာသင့်ကြပေသည်။ ကျွန်ုပ်တို့ ကမ္ဘာအတွက် အချိန်မရွေး ၀င်ရောက်လာနိုင်သော ဥက္ကာခဲ၊ ဥက္ကာပျံ အရေအတွက်က ရေလို့တောင်မရပါဘူး။ အဲဒီအထဲက အနီးစပ်ဆုံး ၀င်ရောက်လာနိုင်တဲ့ ဥက္ကာခဲအကြီးဆုံး ထုထည်ပမာဏဟာ သြစတြေးလျတိုက်နှင့် အရွယ်အစား အတူတူပင်ဖြစ်သည်။ ၄င်း ဥက္ကာခဲ လေထုထဲကို ၀င်လာပါက လေထု၏ ပွတ်တိုက် လောင်ကျွမ်းမှု၊ NASA အဖွဲ့မှ လေဆာနဲ့ ဖြိုခွင်း လောင်ကျွမ်းစေမှုကြောင့် အစိပ်စိပ်အမွှာမွှာ ကွဲပျက်သွားနိုင်ပါတယ်။ သို့သော် အဲဒီအထဲက တစ်ပိုင်းက ကျွန်ုပ်တို့ လေဆာအတတ်ပညာနဲ့ ခွဲသည့်တိုင်အောင် ကွဲမထွက်ပဲ ခွဲမရတဲ့ အစိတ်အပိုင်း ကျန်ရှိနေမှာဖြစ်တယ်လို့ သင်္ချာပညာရှင်များက တွက်ဆကြတယ်။ အဲဒီ ခွဲမရတဲ့ အပိုင်းက လန်ဒန်မြို့ တစ်မြို့နဲ့ ပမာဏ တူညီတယ်လို့ သင်္ချာပညာရှင်များက ဆိုကြတယ်။ ဒါဆိုရင် အဲဒီ အပိုင်းက ရေထဲကို ကျမလား ဆူနာမီ အကြီးကြီး ဖြစ်လာနိုင်တယ်။ ထို့အတူ မြေပြင်ပေါ်ကို ကျမလား၊ သြစတြေးလျ တတိုက်စာ မြေပြင်ချိုင့်ဝင်သွားပြီး သူ့ရဲ့ လှိုင်းတွေကြောင့် လူတွေ သေကြေပျက်စီးမယ်။ ရာသီဥတု ချက်ခြင်း ပြောင်းလဲသွားမယ်။ ကမ္ဘာပေါ်ရှိ သတ္တ၀ါတွေ စက္ကန့်ပိုင်းအတွင်း သေကြေပျက်စီးကုန်မယ်။ အရှိန်ကြောင့် အီကွေတာဒေသသည် ချက်ခြင်း ၀င်ရိုးစွန်း ဒေသဖြစ်သွားပြီး၊ ၀င်ရိုးစွန်း ဒေသသည် ချက်ခြင်း အီကွေတာ ဖြစ်သွားမည်။ ကမ္ဘာလုံးပင်လျှင် လည်သွားနိုင်သည့် အရှိန်မျိုး ဖြစ်သည်။ ထိုအချိန်တွင် ကမ္ဘာပေါ်ရှိ အီကွေတာဒေသမှ လူတွေသည် ချက်ခြင်းဆိုသလို အအေးဒဏ်ကို ခံရပြီး ရာသီဥတု မမျှတမှုကြောင့် သေကြေပျက်စီးကြသလို၊ ၀င်ရိုးစွန်းဒေသမှလူများသည်လည်း ချက်ခြင်း အပူဒဏ်ကို ခံစားရမည် ဖြစ်သဖြင့် သေကြေ ပျက်စီးသွားကြလိမ့်မည်။ ထို့အတူ ပင်လယ်ရေနှင့် သမုဒ္ဒရာများသည်လည်း ပြောင်းလဲခြင်းများ ဖြစ်သွားလိမ့်မည်။ အဲဒီလို ဖြစ်ပျက်လာမယ့်နေ့ကို အင်္ဂလိပ်လို Doom’s Day လို့ ခေါ်ကြပါတယ်။ ဂိမ်းတစ်ခုရဲ့ နာမည်မဟုတ်ပါဘူး။ တကယ်ဖြစ်လာမယ့်နေ့အတွက် နာမည်ပေးထားခြင်း ဖြစ်ပါတယ်။ ထားပါတော့…. ၂၀၁၂ မှာ တကယ်ပဲ
ကမ္ဘာပျက်နိုင်သလားဆိုတာကို ဆက်လက် တင်ပြပါမယ်။

ဤစကြဝဠာ တစ်ခုလုံးသည် သံလိုက်လှိုင်းများနှင့် လွှမ်းခြုံထား သလို ကျွန်ုပ်တို့ သူရိယနေမင်း အပါအဝင် ကမ္ဘာ မြေကြီးတို့ကိုလည်း သံလိုက်လှိုင်း ကွန်ချာတို့ အဖြစ်သာ လွှမ်းခြုံထားပါသည်။ သို့ဖြစ်၍ ဤ နေစကြဝဠာ တစ်ခွင်၌ သံလိုက်လှိုင်းများနှင့် မကင်းနိုင်သလို တည်ငြိမ်မှုတိုင်းနှင့် ပျက်စီးခြင်းတည်းဟူသောအရာတိုင်းတို့သည်လည်း ထို သံလိုက် လှိုင်းတို့၏ ကာရန်တို့ အပေါ်၌သာ မူ တည်လို့ နေပေသည်။ ယနေ့ကမ္ဘာပျက်လိမ့် မည် ဆိုသော နှစ်ပေါင်း ၄ဝဝဝ   လောက်ဆီက မာ ယာပြက္ခဒိန်အဟောများနှင့် ၂ဝ၁၂ တွင် ကမ္ဘာ့ ဂြိုဟ်တုဆက်သွယ်ရေး ယန္တရားကြီးတစ်လုံးနှင့် ဆဲလ်ဖုန်း များအင် တာနက်များ ရပ်တန့်သွားလိမ့် မည်ဆိုသော ဟောကိန်းများကိုလည်း သိပ္ပံပညာ ရှင်ကြီးများက ကမ္ဘာကြီး၏ သံလိုက် ဝင်ရိုး သံလိုက်လှိုင်းများ ပျက်ပြားလာမည်ကိုသာ စံ ထား၍ ပြောဆိုနေကြခြင်းဖြစ်ပေသည်။ အထူးသဖြင့် ၂၀၁၂၊ ၂-၁၃ Solar Cycle 24 ကြောင့်ဖြစ်ပေါ်လာမည့် Solar Activity  နေ ၏ဖြစ်စဉ် များကြောင့် Satellite Communication System ဂြိုဟ်တုဆက်သွယ်ရေးယန္တရားကြီးတစ်ခုလုံးကို ပင် ရပ်တန့် သွားအောင် ဒုက္ခပေးလာနိုင်ကြောင်းကို NASA ပင် ယုံကြည်ထားတာမို့ ၄င်းအာကာသ ဓာတ်ပျက်မှုတို့က Radio လှိုင်းများ Cellulous Radiation များကိုပင် ဖြတ်တောက်ပစ်နိုင်စွမ်း ရှိနေပါတယ်။
၂၀၁၂၊ ၂၀၁၃ အတွင်း Solar Cycle 24 အ၀င်နှင့် Sidereal System နိယာနစနစ်၏ အာယန အံသာ (ဒီဂရီ) များကလည်း 24 ဒီဂရီ မြင့်တက် လာနေခြင်းကြောင့် နက္ခတ်ဗေဒသိပ္ပံ အလိုအရတော့ ကမ္ဘာပေါ်တွင် သဘာဝ ဘေးရန်များနှင့် ရာသီဥတုဖေါက်ပြန်မှုတွေကတော့ တမူထူးခြား ရှိလာနေမှာ ဖြစ်ပါတယ် ရေကြီးခြင်း-မိုးသီးထန်လို့ ရက်ဆက် ရွာသွန်းခြင်း၊ မြေငလျင်-မီးတောင် ပေါက်ကွဲခြင်း၊ နှင်းမုန်တိုင်း-သဲမုန်တိုင်း ကျခြင်း-လေဖိအားများ ရုတ်တရက် ကျဆင်း လာကာ လေမုန်တိုင်း၊ လေဆင် နှာမောင်း တိုက်ခတ်ခြင်း၊ ဒီရေ အတက်ကြမ်းလာရခြင်းမျိုးများကတော့ သမိုင်းဝင် ရှိလာ နိုင်ပါသည်။ ကမ္ဘာကြီးနှင့် သဘာဝဘေးရန် ဆိုတာကည်း လင်နှင့်မယား လျှာနှင့်သွားဆိုသလို အမြဲ ဒွန်တွဲနေ တတ်တာမို့ နိုင်ငံတိုင်းက မိမိနိုင်ငံရှိ မိုးလေ၀သ၊ ဇလဗေဒဌာနကြီးများ၏ သတင်းများကို လေးလေး စားစား ဂရုတစိုက် နားထောင် သင့်သလို ကြိုတင်ပြင်ဆင်ထားမှုများကို အချိန်မှီ ပြုလုပ်ထားသင့် ပေသည်။


(၂၁)ရာစုတွင် ရေပန်း စားလာသောဆူနာမီ(Tsunami)သမုဒ္ဒရာအောက်ငလျင်သည် (၂ဝဝ၄)ခုနှစ်၊ ဒီဇင်ဘာ(၂၆)ရက်နေ့ အင်ဒိုနီးရှား၌ ကျရောက်ခဲ့ရာမှာ လှိုင်းလုံး ရေလုံးကြီး များက ပေ(၁ဝဝ)အထက်မြင့်မားပြီး နာရီပိုင်းအတွင်း လူသားတို့၏အသက်ပေါင်း (၂၃ဝဝဝဝ)နှစ်သိန်းသုံးသောင်းကျော်တို့ကို သေကြေပျက်စီးစေခဲ့သလို သန်းနှင့် ချီသည့် အိုးမဲ့အိမ်မဲ့များကိုလည်းဖန်တီးခဲ့သည်။ ထိုဆူနာမီသည် အင်ဒိုနီးရှား သာမကဘဲ သီရိလင်္ကာ၊ အိန္ဒိယထိရောက်သွားခဲ့ပြီး (၁၉၄၅)ခုနှစ် ဟီရိုရှီးမားနှင့် နာဂါစကီမြို့များပေါ်သို့ချခဲ့သော အဏုမြူဗုံး၏စံချိန်ကိုပင် ဆူနာမီအသေ အပျောက်ပျက်စီးနှုန်းက စံချိန်ကျိုးသွားစေခဲ့ပါသည်။ တဖန် (၂ဝ၁ဝ)ခုနှစ်က ဟေတီရဲ့မြို့တော်(Port-au-Prince)သို့ ကျရောက်ခဲ့သော ငလျင်ကြီးကလည်း မြို့လုံးကျွတ်ကြေမွသွားခဲ့သလို အသက်ပေါင်း (၃၁၆ဝဝဝ) သုံးသိန်းကျော် သေကြေပျက်စီးကြရပြီး လူပေါင်း(၃ဝဝဝဝဝ)သုံးသိန်းကျော်ကို ဒဏ်ရာရသွား စေခဲ့ပြန်ပါသည်။ လူပေါင်းနှစ်သန်းအိုးမဲ့အိမ်မဲ့ဘဝသို့ နာရီပိုင်းအတွင်း ရောက်သွားကြရသည်၊သို့ဖြစ်၍ (၂၁)ရာစုတွင်(Tsunami)သည် တစ်ချိန်က အဏုမြူဗုံး၏စံချိန်ထက်ပင် ပိုမိုများပြားသောသေကြေပျက် စီးမှုများကိုဖြစ်ပေါ် နေစေခဲ့သည်မှာ အမှန်ဖြစ်သကဲ့သို့(၂၁)ရာစုတွင် ဆူနာမီ (Tsunami)သည် ကြောက်စရာအကောင်းဆုံးနှင့် စိတ်ဝင်စားစရာတစ်ခုလည်း ဖြစ်နေပေသည်။ ထို့ကြောင့်အဏုမြူထက်ပင်စွမ်းပကားကြီးမားနေ သောဆူနာမီ သမုဒ္ဒရာ အောက်ငလျင်ကြီးများနှင့် သမိုင်းဝင်သဘာဝဘေးရန်ကြီးများက အဘယ် ကြောင့်ဖြစ်ပေါ်နေကြရသလဲ၊ ဘာကြောင့်(၂ဝ၁ဝ)မှနေ၍ပို၍ပို၍ဆိုးဝါးလာ နေရသည့်အကြောင်းတရားများကိုလူတိုင်း တစ်စေ့တစ်စောင်းသိထားသင့် ပေသည်။ ကျွန်ုပ်တို့ ကမ္ဘာကြီးအပါဝင် နေစကြဝဠာရှိ ဂြိုဟ်အားလုံးသည် သူရိယ နေမင်း၏ စွမ်းပကားအပေါ်မှာရပ်တည်ပြီး မိမိတို့၏ Orbit နေပတ်လမ်း ကြောင်း အတိုင်းပုံမှန်သွားနေကြသည်၊ထို့ကြောင့် နေစကြဝဠာကြီး၏အသက် ကျွန်ုပ်တို့ ကမ္ဘာကြီး၏အသက်သည် သူရိယနေမင်းကြီး အပေါ်မှာသာတည်နေ သလို ကမ္ဘာပေါ်သို့ကျရောက်နေတတ်သော သမိုင်းဝင်သဘာဝဘေးရန်များ သည်လည်း နေမင်း၏စွမ်းပကားအတက်အကျပေါ်၌သာ မူတည်ဖြစ်ပေါ်နေကြ ရခြင်းဖြစ်သည်။ နေစကြဝဠာတစ်ခုလုံးသည် သံလိုက်လှိုင်းကွန်ခြာများနှင့် လွှမ်းခြုံထား သကဲ့သို့ ကျွန်ုပ်တို့ ကမ္ဘာအပါအဝင်ဂြိုဟ်တိုင်းမှာလည်း သံလိုက်လှိုင်းများနှင့် သာလွှမ်းခြုံထားပေသည်။ လူသားများ၏ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း သံလိုက်လှိုင်းများနှင့် ကာရံထားသကဲ့သို့ဦးနှောက်လေးကိုသော်မှ ကာရံညီတဲ့ သံလိုက်လှိုင်းတွေနှင့် လွှမ်းခြုံထားသည်။ လူတိုင်းက ဓာတ်ပျက်တယ်ဆိုသည် ကိုကြားဖူးသော်လည်း တကယ်တွင် ဓာတ်ပျက်သည်ဆိုသည်မှာ သံလိုက်လှိုင်း ကာရံ-Rhythm-များပျက်သွားရတာမျိုးသာဖြစ်သည်။ အာကာသဓာတ်ပျက် တယ်ဆိုသည်ကလည်း သံလိုက်လှိုင်းများပျက်လာခြင်းကြောင့်ဖြစ်သည်။ လူတို့ ၌ဓာတ်ပျက်ခြင်း စိတ်ပိုင်းဆိုင်ရာ mood တွေပျက်လာခြင်းဆိုသည်မှာ ဦးနှောက် ၏သံလိုက်လှိုင်း Rhythm ကာရံများပျက်လာခြင်းကြောင့်ပင်ဖြစ်သည်။ ကမ္ဘာပေါ်မှာ 23 1/2 ဒီဂရီတိမ်းစောင်းနေသည့် ဝင်းရိုးတစ်ခုနဲ့ Magnetic Pole သံလိုက်ဝင်ရိုးဟူ၍ ဝင်ရိုးနှစ်ခုရှိသည်။ ထို့ကြောင့်ကမ္ဘာမြေကြီး၏ ဓာတ်ပျက်မှုများသည် ထိုသံလိုက်ဝင်ရိုးပေါ်မှာဘဲမူတည်နေပေသည်။ ကမ္ဘာမြေကြီး ဓာတ်ပျက်ဖို့ရန်အတွက်လည်း ထိုသံလိုက်ဝင်ရိုးကိုထိပါးလာမှ သံလိုက်ဝင်ရိုးစွန်းဒေသများက အနှောက်အယှက်ပေးလာမှဖြစ်လို့ရတာမျိုးဖြစ်သည်။ ကမ္ဘာ့ သံလိုက်ဝင်ရိုးကိုနှောက်ယှက်ဘို့နှင့် အာကာသဓာတ်ပျက်မှုတွေကို ဖန်တီး နိုင်တာတွေက သူရိယနေမင်းကြီးရဲ့ ပရံမံအဏုမြူလောင်ကျွမ်းမှုဖြစ်စဉ် Solar Activity တွေအပေါ်မှာဘဲအဓိကမှုတည်လို့နေပါသည်။ သူရိယနှင့် သဏ္ဌာန် တူသည့်နေမင်းကြီးက ပင်လယ်သမုဒ္ဒရာကြီးနှင့်အတူတူပါဘဲ။ ပင်လယ် ဆိုသည်က လှိုင်းလေငြိမ်လျှင်ပင်လယ်ကြီးတစ်ခုလုံး ဖန်သားမှန်သား တည် ငြိမ်လို့ကြည်လင်နေတတ်သလို နေမှာလည်းပရမံ အဏုမြူလောင်ကျွမ်းမှု တွေက မျှတစွာ ရှိနေသင့်ပါတယ်။ သို့ပေမဲ့ နေမင်းမှာ အဏုမြူပေါက်ကွဲမှုကြီးတွေကရှိလာခဲ့ပြီ ဆိုလျှင် ပုံပါအတိုင်းနေမျက်နှာပြင်တစ်ခုလုံး ဒေါသူပုန်ထလို့နေတတ်ပါသည် ဆိုလျှင် ဒီလိုပေါက်ကွဲမှုကြီးတွေဖြစ်လာရင် နက်ရှိုင်းသောနေမင်း၏-Core-အဏုမြူ စံအိမ်ဏ္ဍိုင်ကြီး အတွင်းကနေ-Geomagntic Storm-သံလိုက်မုန်တိုင်း ကြီးများကိုဖြစ်ပေါ်လာစေပြီးနေ၏ သံလိုက်လှိုင်းများကို အနှောက်ယှက်ပေး ခြင်းဖြင့် နေ၏မျက်နှာပြင်၌ Solar flare ပေါက်ကွဲမှုရဲ့ ရောင်ခြည်လှိုင်းတံပိုးများ ကိုထစေခြင်းမှသည် လျှပ်စစ်သံလိုက်ရောင်ခြည်များ-X-ray-နှင့်-Gamma ရောင်ခြည်များကိုပါလွှင့်ထုတ်လာစေခြင်းများကြောင့် ထိုနေမှ သံလိုက်မုန်တိုင်း အကျိုးအဆက်များက ကမ္ဘာမြေကြီး၏ ဝင်ရိုးစွန်းဒေသများသို့ သံလိုက်မုန်တိုင်း များကိုထပ်ဆင့်ကျရောက်စေသည်။ ထို့ကြောင့် ကမ္ဘာမြေကြီးသံလိုက် ဝင်ရိုး၌ ကြီးမားသောအနှောက် အယှက်များကိုဖြစ်စေပြီး ကမ္ဘာမြေ၌ လေဖိအား ကျဆင်းလာ စေခြင်းကြောင့် လေမုန်တိုင်းများကိုဖြစ်ပေါ်စေခြင်း အထက်ပါ -Solar Flare- ပေါက်ကွဲမှု၏အားပေါ်မူတည်ပြီး ကမ္ဘာမြေကြီး၏ မြေပေါ်မြေ အောက်ဒြပ်စင်များပြောင်းလဲလာရခြင်း ဓာတ်ကြီးလေးပါးပျက်ခါ မညီညွတ်ဖြစ် လာရခြင်း ကြောင့်ရေကြောမြေကြောများပြောင်းလဲလာရခြင်း ဆူနာမီကဲ့သို့ကြီး မားသော သမုဒ္ဒရာအောက်ငလျင်ကြီးများကိုဖြစ်ပေါ်လာစေ ခြင်း မီးတောင် ပေါက်ကွဲခြင်း စသည့်ဘဘာဝဘေးရန်ကြီးများသည်နေမှ အဏုမြူပေါက်ကွဲမှု ကြီးများကြောင့်သာ အဓိကဖြစ်ပေါ်လာနေကြရခြင်းပင်ဖြစ်ပေသည်။ သို့ဖြစ်၍ နေ၌နေ့စဉ်လိုလို ပေါက်ကွဲမှု အနည်းအများက တစ်နေနေရာ၌ ရှိနေတတ်သလို နေမှာဖြစ်နေသော ပေါက်ကွဲမှုကြီးများသည်(၁၁)နှစ် နှစ် ပတ်လည်တွင် တစ်ကြိမ်ပိုမိုဖြစ်လာတတ်သည်ဟု သိပ္ပံပညာရှင်များက မှတ်တမ်းပြုလာခဲ့ရာမှ ထို(၁၁)နှစ် နှစ်ပတ်လည်ကို sunspot Cycle  သို့မဟုတ် Solar Cycle ဟုခေါ် ဆိုကြပြီး၎င်း(၁၁)နှစ် နှစ်ပတ်လည်မှတ်တမ်းကို (၁၇၅၅)မှစတင်သတ်မှတ်ခဲ့ကြသည်။ ယခုအခါ Solar Cycle 24 ထဲဝင်လာ ပြီဖြစ်၍ 2012-2013 တွင်နေ၌ သမာရိုးကျမဟုတ်သော ကြီးမားသောပေါက်ကွဲ မှုကြီးများရှိလာမည်ဟု သိပ္ပံပညာရှင်များက ကြိုတင်တွက်ချက်ထားကြသည်။ (၂ဝ၁၂)မှာ နေမှကြီးမားသောပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာမည့် သံလိုက် မုန်တိုင်းကြီးများနှင့် ပါလာမည့်-X-ray နှင့် Gamma- ရောင်ခြည်တို့က ရေဒီယို လှိုင်းတို-လတ်ရှည် များကိုဖြတ်တောက်ပစ်နိုင်စွမ်းများ ရှိလာနိုင်တာမို့ ကမ္ဘာပေါ် ရှိဂြိုဟ်တုဆက်သွယ်ရေးယန္တယားကြီးများကိုပင်ဖျက်စီးဖြတ် တောက်နိုင်မည် ဖြစ်၍ -2012-2013-မှာ-TV- Radio-များနှင့် အင်တာနက်များ-Cell Phone-နဲ့ -Computerized-တွေရပ်တန့်သွားနိုင်သည်ဟု ကြေငြာထားခဲ့ကြခြင်းပင် ဖြစ်ပါသည်။ နေသည်သူ၏ အလင်းစွမ်းပကားဖြင့်ပြင်ပမှလာသော-Radiation - အလင်းတန်းများကိုလည်းမိမိနယ်နိမိတ်အတွင်းဝင်မလာနိုင်အောင် ကာကွယ် ပေးထားသောသဘာဝရှိပါသည်။ သို့သော်နေ၌ပေါက်ကွဲမှုများကြောင့် ပရမံ အဏုမြူစွမ်းပကားများကျဆင်းလာချိန်မျိုး၌ စကြဝဠာပြင်ပမှ အလင်းတန်းများ ဝင်ရောက်လာနိုင်သဖြင့် ထိုပြင်ပ Radiation အနှောက်ယှက်များကြောင့်လည်း ကမ္ဘာမြေကြီးနှင့် အချို့ဂြိုဟ်တို့၌ သံလိုက်လှိုင်းများ အနှောက်ယှက်ဖြစ်ရကာ သဘာဝဘေးအန္တရာယ်များကို ကျရောက်စေတတ်ပါသည် တဖန် နေစကြဝဠာ အတွင်းသို့ ကြယ်တံခွန်ကြီးများက ကမ္ဘာနှင့်အနီးဆုံးသို့ ဝင်ရောက်ဖြတ်သန်း ချိန်မျိုး၌လည်း ကမ္ဘာ့သံလိုက်ဝင်ရိုးသို့အနည်းအများအကျိုး သက်ရောက်သွား စေနိုင်ပါသည်။ သို့ဖြစ်၍ကမ္ဘာပေါ်သို့ သဘာဝဘေးရန်များကျ ရောက်ရခြင်း တို့က ဂြိုဟ်တို့၏ပူးယှဉ်မှု အမြင်အယှဉ်များကအဓိကပဌာနကျ သောအကြောင်း တရားများမဟုတ်သလို နေကြတ်၊ လကြတ်ခြင်း၊ သောကြာကြယ် လကို ထွင်းခြင်းဆိုသော အကြောင်းတရားတို့ကြောင့်လည်း အဓိကမဟုတ်ပေ။ ထိုဖြစ်စဉ်တို့နှင့် နေ၌အဏုမြူပေါက်ကွဲမှုကြီးများဖြစ်ပေါ်နေချိန်နှင့် ကြုံကြိုက် နေချိန်မျိုးနှင့် တိုက်ဆိုင်နေမှသာ အကြုံးဝင်သွားနိုင်တာမျိုးပင်ဖြစ်ပေလိမ့်မည်။ (၂ဝ၁၁)မတ်လ (၁၁)ရက်နေ့ ဂျပန် စံတော်ချိန်နေ့လယ်(၂)နာရီ(၄၆)မိနစ် မြန်မာစံတော်ချိန်အရ နေ့လယ်(၁၂)နာရီ(၁ဝ)မိနစ်အချိန်မှာ ဂျပန်နိုင်ငံ၏ ပစိဖိတ်အရှေ့ ဘက်ကမ်းခြေမှာ ဆူနာမီ ရေအောက်ငလျင်ကြီးလှုပ်ခဲ့ပါသည်။ ၄င်းဆူနာမီကိုပြည်လည်သုံးသပ်ကြမည်ဆိုပါကလည်း အောက်ပါအတိုင်းတွေ့ ရှိရပါသည်။ မတ်လ(၇)ရက်နေ့ မြန်မာစံတော်ချိန် ည(၈)နာရီခွဲ (1400UT) အချိန်က တည်းက နေမှကြီးမားသည့်ပေါက်ကွဲမှုကြီးများက တစ်စက္ကန့်ကီလိုမီတာ(၂၂ဝဝ) (2200Km/sec)အလျင်နှုန်းနဲ့ မတ်လ(၉)ရက်(၁ဝ)ရက်နေ့များမှာ ကမ္ဘာမြေကြီး၏ သံလိုက်လှိုင်းများဆီသို့ တိုက်ရိုက်ဝင်ရောက်လာခဲ့တာမို့ အဲဒီနေ့ကတည်းက ကမ္ဘာမြေကြီး၏ သံလိုက်ဝင်ရိုးစွန်းဒေသများမှာ ကြီးမားသောသံလိုက်မုန်တိုင်း များကို ကျရောက်စေခဲ့ပါသည်။ ၄င်းမတ်လ(၇)ရက်နေ့မှ(၁၁)ရက်နေ့ အတွင်းမှာ Satellite ဂြိုဟ်တုကနေဲ့(Sun spot 1166 နှင့် Spot1164)နေရာတွေမှာ ပြင်း ထန်ပေါက်ကွဲမှုတွေဖြစ်နေတာကို ဓာတ်ပုံနှင့်တကွ သတင်းပေးပို့နေခဲ့ပါသည်။ သို့ဖြစ်၍ ယနေ့ သိပ္ပံပညာတွေကအဘယ်မျှပင်တိုးတက်လို့ နေကြပါစေ လောက၌အဘယ်မျှကြီးမားသောအဏုမြူလက်နက်စွမ်းပကားတို့ ပင်ရှိနေကြပါ စေအဘယ်မျှပင်ချမ်းသာတဲ့နိုင်ငံဖြစ်နေပါစေ ဤစကြဝဠာကိုစိုးမိုးထားသော သူရိယနေမင်းထက် မည်သူကမျှစွမ်းပကားမကြီးမားနိုင်သလို အဘယ်သို့သော သိပ္ပံစွမ်းပကားနဲ့ လက်နက်တွေကမှလည်း နေမင်း၏ ပရမံအဏုမြူ ပေါက်ကွဲမှု ကြီးများကြောင့် ဖြစ်လာနေကြသောဆူနာမီလို သဘာဝဘေးရန်များ မြေငလျင် များ၊ လေမုန်တိုင်းစသည့် သဘာဝတရားက ခွဲတမ်းချပေးသောဘေးရန်များကို ကာကွယ်ပေးနိုင်စွမ်းများကတော့ဘယ်လိုမှ မဖြစ်နိုင်ပေ၊ သိပ္ပံပညာရှင်များက ဖြစ်စေ၊ နက္ခတ်ဗေဒင်ဆရာတို့ကဖြစ်စေ ၄င်းဘေးရန်များ ကျရောက် လာမည် ကို ဘယ်လိုမှအတိအကျကြိုတင်တွက်ချက်မဖော်ပြနိုင်။ အကယ်၍ ကြိုတင် အသိပေးနိုင်သည်ထားပါလေ။ ဆူနာမီနဲ့ဟေတီငလျင်လို ရုတ်တရက် ကျ ရောက်လာပြီး သိန်းနဲ့ချီပြီးသေကြေပျက်စီးနိုင်သောဘေးမျိုးကို အဘယ်မှာ ရှောင်ပြေးလို့ လွတ်နိုင်မည်နည်း။ သို့ဖြစ်၍ စွမ်းပကားတို့ထဲတွင် ရုပ်ဝတ္ထုအဖြစ်မြင်တွေ့နိုင်သော အဏုမြူ လက်နက်ထက် မျက်စိဖြင့်မြင်နိုင်စွမ်းမရှိသော နေမှထုတ်လွင့်လာတတ်သော Radiation Cosmic အလင်းသံလိုက်လှိုင်းတို့၏ စွမ်းပကားသည်သာလျှင် အကြီးမားဆုံးနှင့် အစွမ်းအထက်ဆုံးများဖြစ်နေပေသည် မဟုတ်ပါလား။ ယနေ့ ကမ္ဘာတွင်ရေပန်းစားနေခဲ့သော Global warming ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲဆုတ်ယုတ်လာနေကြမှုများကလည်း ကမ္ဘာ့ခေါင်းဆောင် ကြီးများထင်နေသလို CO2-Emission ကမ္ဘာ့စက်ရုံကြီးများကထုတ်လွှတ်သည့် မီးခိုးတွေကြောင့်ဆိုတာကအဘယ်မှာဖြစ်နိုင်မည်နည်း တကယ်တော့၎င်း Global warming ကမ္ဘာကြီးပူနွေးလာနေရတာကလည်းအထက်ပါ သူရိယနေ မင်း၏ ပရမံအဏုမြူပေါက်ကွဲမှု လောင်ကျွမ်းမှုဖြစ်စဉ်များကသာအဓိက ဖြစ်နေပေသည်။ ဤသည်ကို ချမ်းသာတဲ့နိုင်ငံတွေမှ စက်ရုံတွေကိုလိုက်ပိတ်ခိုင်းနေ ရင်ဆင်းရဲတဲ့နိုင်ငံတွေက လူသားတွေပိုငတ်လာတာကလွဲလို့ ကမ္ဘာကြီးပူနွေး လာနေရာကနေ တစ်ဒီဂရီလျော့ကျသွားနိုင်စရာ အကြောင်းမရှိနိုင်ပါဘူး။ တစ်ခါ ၄င်းဆူနာမီ သဘာဝဘေးရန်များအပါအဝင်ယနေ့ခေတ်စားလာ နေသော-Golbal warming-ကမ္ဘာကြီးပူနွေးလာခြင်းဆိုတဲ့အရာတွေကို Astrological Science နက္ခတ်ဗေဒသိပ္ပံအလိုအရ ပြောရသော်နက္ခတ်ဗေဒသိပ္ပံ အလိုအရကတော့ အချိန်ဆိုတာရပ်မနေသလို ကမ္ဘာကြီးအပါဝင် အနန္တ စကြဝဠာကြီးတစ်ခုလုံးကရွေ့ရှားနေကြသည်။ ဘယ်အရာမှရပ်မနေပေ၊အာကာ သ၌လှမ်းမြင်နေရသည့်ဂြိုဟ်နက္ခတ်တွေက ရပ်နေတယ်လို့ထင်နေရသော် လည်း သူတို့သည်အလွန်လျင်မြန်သောအရှိန်အဟုန်နှင့်ပြေးနေကြသည် ချည်း ဖြစ်သည်။ သူတို့အလျင်အရှိန်တွေ မြန်နေသလောက် ပြေးလွှားနေကြရ တဲ့ခရီးတာတွေကလည်း ရာထောင်မကဝေးကွာလွန်းလှပါတယ် ပြီးတော့သူတို့ ရဲ့သက်တမ်းတွေက လည်း အလင်းနှစ်ပေါင်းကဋေကဋာမက အလင်းနှစ်သန်း နဲ့ချီပြီးရှည်လျားနေ တတ်ကြပေမဲ့သူတို့ရဲ့သက်တမ်းတစ်ခုကဘယ်တော့ ကုန်ဆုံးသွားမယ်ဆိုတာကို လည်းဘယ်သူမှအတိအကျတွက်ပြပြောပြလို့တော့ မရနိုင်ကြပါ၊ သို့ပေမယ့် ခုလိုဂြိုဟ်တွေနက္ခတ်တွေ စကြဝဠာတွေက ရွေ့ရှားနေ တယ်အသွားအလာတွေ ရှိနေရာမှ မတူညီသောအလျင်နှုန်းများကရှိနေတာမို့ သူတို့မှာတစ်ခုနဲ့တစ်ခုဖြတ် သန်းရမဲ့-Timeline Transition- တွေကတော့ဧကံ ရှိနေတာမို့ ၄င်းဂြိုဟ်နက္ခတ် တွေရဲ့-Transition-တွေကကမ္ဘာမြေကြီးနဲ့ လူသား တွေအပေါ်သြဇာ သက်ရောက်မှုတွေရှိနေတယ်ဆိုတာကိုယုံကြည်လို့ ၄င်းတို့၏ ဒီဂရီအကွာ အဝေးတွေ-Decination-Altitude-တွေ-Conjunction-တွေ-Transit- တွေအပေါ်မှာတွေးခေါ်ယူလို့ မင်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်တို့အရေးနှင့် နိုင်ငံရေးတို့ အပေါ်အကြံပြုဆုံးဖြတ်ပေးရတာမျိုးပါ၊ ဒီတော့ ဆူနာမီလို သဘာဝ ဘေးအန္တရာယ်ကြီးများနဲ့ ကမ္ဘာကြီးပူးနွေးလာခြင်း ရာသီဥတုဆုတ်ယုတ်လာနေ တာကိုတော့-Astrological Science- ၏ -Theory-အနေနဲ့ကတာ့-Sidereal System-နိယာနစနစ်အရ အာယာနဒီဂရီက ၂၇ ဒီရီနားကိုနီးလာလေလေကမ္ဘာ မြေကြီးမှာ သဘာဝဘေးအန္တရာယ်တွေများလာလေ ရာသီဥတုဖေါက်ပြန်မှုတွေ ကစိုးမိုးလာမည်၊ စစ်မက်အင်္ဂါရပ်တွေနဲ့ မငြိမ်းချမ်းမှုတွေကကြီးထွားလာနိုင် လေဖြစ်တတ်တယ်လို့ သီအိုရီအရ ဆိုထားပါတယ်၊လက်ရှိ(၂ဝ၁ဝ)မှာတော့ နိယာနစနစ်အရ အာယန ဒီဂရီက(၂၄)ဒီဂရီရှိနေပြီဖြစ်သည်။ ဤသို့အာယနဒီဂရီတွေမြင့်တက်လာနိုင်ရင်ဘာဖြစ်လာလဲဆိုရင် ကျွန်တော်တို့ ကမ္ဘာဝင်ရိုး- Earth Pole-နဲ့ ဝင်ရိုးစွန်းကြယ်-Polaris -တို့ရဲ့-Pole Star Transition Timeline တစ်ခုနဲ့အလွန်နီးလေဖြစ်လာနေပါသည်၊ ဒီတော့သီအိုရီအရ-Major Timeline Transition-တိုင်းမှာလည်းကြီးမားသော အဆိုးအကောင်းပြောင်းလဲမှုကြီးတွေ ကမဖြစ်မနေရှိလာရမှာဖြစပေသည်။ လက်ရှိအခြေအနေတွင် ကမ္ဘာ့ဝင်ရိုး စွန်းနှင့် ဝင်ရိုးကြယ်-Polaris-တို့က-True North(180)-ဒီဂရီတိတိပပဖြစ်လာ ဖို့ရာကတစ်ဒီဂရီတက်တာမို့ လက်ရှိအခြေအနေက ၁၇၉ဒီဂရီကနေနောက်လာ မည့် (၇၂)နှစ်နောက်အကျဆုံး(မတ်- ၂၁ဝဝ)နှစ်မှာတော့ ကမ္ဘာဝင်ရိုးနဲ့ ဝင်ရိုးစွန်း ကြယ် Polaris တို့က(၁၈ဝ)ဒီဂရီပေါ်တိတိပပကျရောက်နေကြပေလိမ့်မည်၊ ဤသည်ကား-Pole Star Timeline Transition-တစ်ခုပေမို့သီအိုရီအရ ¤င်း၏ အကျိုးသက်ရောက်မှုများက ဧကံရှိလာရမှာမို့ ယ္ခုကတည်းက ဆူနာမီလို သဘာဝဘေးများ ငလျင်ကြီးများကစတင်စိုးမိုးလာနေကြရခြင်းပင်ဖြစ်သလို နောက်လာမည့်အာယန (၂၅) ဒီဂရီတက်လာချိန်၌ ကမ္ဘာမြေကြီး၏ ရေကြော မြေကြောများစတင်ပြောင်းလာနိုင်တာမို့ အရှေအလယ်ပိုင်းရှိ ရေနံတွင်းများက လာမည့်အနှစ်(၂ဝ)မှ(၃၅)နှစ်အတွင်းမှာတဖြည်းဖြည်း ခန်းခြောက်လာနိုင်ဖွယ် ရှိသည်။ ကမ္ဘာဝင်ရိုးက အာယန ဒီဂရီ(၂၇)ဒီဂရီအရောက်တွင် လက်ရှိ-Polaris ဝင်ရိုးစွန်းကြယ်၏ Transit Point ကို လွန်သွားမှာဖြစ်သလို လူ့ယဉ်ကျေးမှုတစ်ခုလုံး စတင် ပြောင်းလဲ သွားနေပြီဖြစ်လိမ့်မည်(ဗီ-၃ဝဝဝ)နောက်လာ မည့် နှစ်တစ်ထောင်မှာတော့ ကမ္ဘာဝင်ရိုးစွန်းကြယ်က လက် ရှိ Polaris ကြယ်နှင့်ဝေးသွားမှာဖြစ်ပြီး အလင်းနှစ်(၄၅)နှစ် လောက်အဝေးမှာရှိနေတဲ့(Gamma Cephei) ဆိုသော ကြယ်က ကမ္ဘာဝင်ရိုးစွန်းကြယ်ဖြစ်လာမှာဖြစ်သလို(AD- 5200) လောက်မှတစ်ခါ Lota Cephei ကြယ်ကြီးက ကမ္ဘာ့ဝင်ရိုးစွန်းကြယ်ဖြစ်လာပေလိမ့်မည်။ သို့ဖြစ်၍ Polar -Star ဝင်ရိုးစွန်းကြယ်ပြောင်းတိုင်းလည်း လူ့ယဉ်ကျေးမှု ကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေတတ်ပါသည်။ လွန်ခဲ့ သော BC -12000 လောက်ဆီက ဝင်ရိုးစွန်းကြယ်က အဘိဇိ Vegas ကြယ်ဖြစ်ခဲ့သလိုလာမည့်(AD-14000)မှာ တော့ ကမ္ဘာ့ဝင်ရိုးစွန်းကြယ်က ၄င်း Vegas အဘိဇိဘဲ အနီးစပ်ဆုံးပြန်ဖြစ်လာနိုင်သည်။ ယနေ့ Global warming နဲ့ Climate Change ဆိုတာတွေထက် အံသြဖွယ်ဖြစ်လာမှာက ဒုတိယမြောက်ဝင်ရိုးစွန်းကြယ် Tranist  
AD -3000 လောက်မှာတော့ ကမ္ဘာအလယ်ပိုင်း အီကွေတာမှာ ရေတွေ ခဲနေမှာဖြစ်ပြီး ဝင်ရိုးစွန်းဒေသများက ကန္တာရ တစ်ပိုင်း အမြဲစိမ်းသစ်တောကြီးများ ဖြစ်နေလိမ့်မည်။  ဒါတွေဟာ စကြဝဠာတစ်ခုလုံးအရာရာတိုင်းက ရွေ့ရှား နေတယ်ဆိုတဲ့ သက်သေနဲ့ ရွေ့ရှားတဲ့အရာတိုင်းမှာ Timeline Transition တွေရှိနေသလို ၄င်းတို့၏အကျိုးသက်ရောက်မှုများလည်း ဧကံရှိနေကြောင်းကို သက်သေပြရခြင်းပင်ဖြစ်ပေသည်။ နောက်တစ်ချက်က နက္ခတ်ဗေဒင်အလိုအရ ပဓာနကျဆုံးသော ဂြိုဟ်များဖြစ်ကြတဲ့ ကြာသပတေး၊ စနေ၊ ယူရေးနပ်စ်၊ နက်ပကျွန်းနဲ့ပလူတိုဂြိုဟ်တို့က အချင်းချင်းက(၉ဝ)ဒီဂရီအနေအထားသမသတ်အနေအထား သို့မဟုတ် (၂)လုံးထက် မနည်းတစ်ရာသီအတွင်းပူးယှဉ်နေခြင်း ရာသီသုံးခွင်၌သို့မဟုတ် ကိန်းလေးဌာနတို့ ၄င်းဂြိုဟ်တို့ခွဲ၍ ရပ်တည်နေသောနှစ်များတွင် သဘာဝဘေးရန်များထူးကဲ လာတတ်ခြင်းမိုးသည်းထန်ခြင်း အခါလွန်မိုးကြောင့် သီးနှံ ပျက်တတ်ခြင်းများဖြစ်တတ်ခြင်း၊ စိုက်ခင်းပိုးကျခြင်းများ သို့မဟုတ် အဖူးအညွှန့်များကြွေကျခြင်းများ ဖြစ်တတ်သည်။ သို့သော်ရေနံ ကျောက်တွင်းတူးဖော်ရာ၌ ၄င်းသတ္ထု ရွှေကြေးအထူး သဖြင့် ယူရေနီယံစသည့် မိုင်းတွင်းများ တူးဖော်ရန်တော့ ကောင်းစေတတ်ပါသည်။
လက်ရှိသတင်းတွေအရ သိပ္ပံပညာရှင် ဆိုသူတွေက ၂၀၁၂ မှာ Betelgeuse ကြယ်နီကြီးက ပေါက်ကွဲပြီး ကမ္ဘာထက် ဆယ်ဆ လောက်မက ရှိတဲ့ ကြယ်ပေါက်ကွဲမှုကြီးရဲ့ အပိုင်း ပြတ်တစ်ခုက ကမ္ဘာအတွက် ဒုတိယ နေ၀န်းတစ်ခု ဖြစ်လာပြီး နေ၀န်းသစ် တစ်ခု ပေါ်ထွန်းလာမယ်လို့ ဆိုထားကြတာ ဖြစ်ပါတယ်။ အကယ်၍ ပေါက်ကွဲမယ် ဆိုတဲ့ ကြယ်ရဲ့ အပိုင်းအစ တစ်ခုက အလင်းနှစ်ပေါင်း ၆၄၀ ကျော် ဝေးတဲ့ နေစကြာဝဋ္ဌာ တစ်ခုဆီကနေ ဒီကမ္ဘာကြီးဆီရောက်လာနိုင်ဖို့ အနည်းဆုံး နှစ်ပေါင်း ၆၄၀ ကျော်ကြာမှ ရောက်လာ နိုင်တာမျိုးပါ။ ဒါတောင် မသေချာပါဘူး၊ ပေါက်ကွဲမည်ဆိုသော ၄င်း (Betelgeuse ) ကြယ်ဟာ ကောင်းကင်းမှာ အဌမမြောက် အတောက်အပဆုံး ကြယ်တစ်ပွင့် ဖြစ်ပြီး အနောက်တိုင်းအရ Constellation Alpha Orionis ( RA , 05hr 55min 10.3 sc.) Declination = (+ 7ံ, 24’ , 25” ) အရှေ့တိုင်း နက္ခတ်ဗေဒင် Sidereal Longitude အရကတော့ မေထုံရာသီ အဒြနက္ခတ်ပိုင် ( ၆၄ ဒီဂရီ-၅၃ မီးနစ် ၅၁ စက္ကန့် ) မှာ တည်ရှိနေပါတယ်။ ၄င်း Betelgeuse ကြယ်မှာ ကမ္ဘာမြေနှင့် လတ်တလော 2012 မှာတော့ အလင်းနှစ်ပေါင်း 640 လောက် အကွာဝေးမှာ ရှိနေပါတယ်။ ယနေ့ အာကာသ သိပ္ပံရဲ့ ဧကရာဇ် ဖြစ်တဲ့ NASA ကတော့ ဒီလို 2012 မှာ ကြယ်ကြီး ပေါက်ကွဲပြီး နေ၀န်းတစ်ခု တိုးလာလိမ့်မယ်လို့လည်း လုံးဝ ပြောမထားခဲ့ပါဘူး၊ တကယ်တော့ ဒါဟာMayan Calendar မာယာပြက္ခဒိန်က ဟောကိန်း တွေသာ ဖြစ်သလို တချို့သိပ္ပံပညာရှင်တွေက အဲဒီမာယာပြက္ခဒိန် နောက်ကို မျောပါနေသူတွေလည်း ရှိနေကြသလို သိပ္ပံပညာရှင်များ ပြောမှ ယုံကြည် တတ်ကြသော ဤသိပ္ပံလောကသားတို့အတွက် တချို့ ထုတ်လုပ်သူများက မိမိတို့ စာအုပ်-ရုပ်ရှင် Video များ ပေါက်ရန် ဈေးကွက် ၀င်ရန် သိပ္ပံပညာရှင်အချို့ကို အိတ်ကပ်ထဲ ထည့်ကာ မိမိတို့ စီးပွားအတွက် ဤမည်သော သတင်းမျိုး များကို ဖန်တီးရယူ နေတတ်ကြတာမျိုးလည်း မကြာမကြာ ရှိနေတတ်ပါတယ်။
တကယ်တော့ ဒါတွေဟာ မာယာပြက္ခဒိန်၏ အဟောများနှင့် ဆက်နွယ်နေသော်လည်း လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ ကျော် ၄၀၀၀ ဆီက Mayan Civilization မာယာ ယဉ်ကျေးမှုဆီက ပညာရှင်တွေမှ ယနေ့ ၂၀၁၂ မှ ကျွန်ုပ်တို့ ကမ္ဘာရဲ့ နိဂုံးကို ဘယ်သူမှ ကြိုတင် ဟောပြောနိုင်ခြင်း မရှိပါ။ ထို့ကြောင့် မာယာပြက္ခဒိန်၏ အဟောပင်ဖြစ်စေ၊ သိပ္ပံပညာရှင်တို့၏ တွက်ကိန်းပင် ဖြစ်နေပါစေ ၂၀၁၂ မှာ ကမ္ဘာ မပျက်နိုင်သလို Betelgeuse ကြယ်ကြီးလည်း မပေါက်ကွဲနိုင်၊ နေနှစ်စင်းပေါ်ထွန်းလာစရာ အကြောင်းလည်း လုံးဝရှိနိုင်ပေ။ ကမ္ဘာမြေကြီးလည်း ပျက်သုဉ်းသွားစရာ အကြောင်းတရား မရှိနိုင်ကြောင်း သိပ္ပံပညာရှုထောင့်မှ နက္ခတ်ပညာကို မှီငြမ်းလို့ တင်ပြပါရစေ။

လေးစားစွာဖြင့်
သားဦး
(၁၁-၁၂-၂၀၁၁၊ တနင်္ဂနွေ)
(မှတ်ချက်။ သာသနာတစ်ဝက် ကမ္ဘာတစ်ဆက်လို့ ကြားဖူးကြမှာပါ။ ဗုဒ္ဓဘာသာများအတွက် သာသနာသက္ကရာဇ်သည်လည်း တစ်ဝက်ကျော်ခဲ့ပြီ။ ၁၆ သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်အပ်သော အရိမေတ္တယျဘုရားပွင့်လာဖို့အတွက် တစ်ကမ္ဘာပျက်ချိန်ကို တန်ပြီဖြစ်ကြောင့် ဗုဒ္ဓဘာသာရှုထောင့်မှ ထပ်လောင်း ပြောကြားပါရစေ။)

3 comments:

  1. တော်ပါသေးရဲ့ဗျာ

    ReplyDelete
  2. ခုမှသေသေချာချာသိရတော့တယ် ကျေးဇူးပါနော်

    ReplyDelete
  3. သတင်းထူးတွေ ကိုဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်.....

    ReplyDelete