ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Tuesday, May 8, 2012

တကယ်လား………


သူ့နိုင်ငံ အရှိန်အ၀ါမှာ
ထိန်ထိန်သာ လျှပ်စစ်မီးက
မလစ်လပ် နေချင်စရာ……..

သူ့နိုင်ငံ အင်တာနက်
ကွန်ယက်စနစ် သွက်လက်စွာ
ချက်လက်စုံ ကမ္ဘာတခွင်သို့
မြန်မကြာ ဆက်သွယ်နိုင်တာ………

သူ့နိုင်ငံ စီးပွားမှာဖြင့်
ကြီးပွားအောင် လူတွေက
အပူနတ္ထိ ရိုးသားတော့
ကြိုးစားပြီး ချမ်းသာတာ……….

သြော်….
ငါ့နိုင်ငံ အရှိန်အ၀ါကတော့
မလိမ်မာ လျှပ်စစ်မီးက
အမြဲပျက် ဓမ္မတာ……..

ငါ့နိုင်ငံ အင်တာနက်
ကွန်ယက်စနစ် ခရုပမာ
အပြုမပါ နှေးကွေးပြန်တော့
အေးဆက်ဆက် ဆက်သွယ်ရေးပါ……..

ငါ့နိုင်ငံ စီးပွားကလည်း
ကြီးပွားဖို့ လမ်းမမြင်
မှန်းထွင်ကာ စမ်းဝါးဝါးနဲ့
လမ်းမှားရင် ငတ်ဖို့သာ……

သားဦး
(၂၅.၅.၂၀၀၇)

No comments:

Post a Comment