အတောင်ပံပါတိုင်းသာ
လေဟုန်စီးခွင့်ရခဲ့ရင်
ကြက်ဆင်တစ်ကောင်ရဲ့ဘ၀ဟာလည်း
သေပျော်မှာပဲ . . .
ထွေးပွေ့ထားမယ့်
လက်တစ်စုံနဲ့
ကမ်းလင့်မယ့် လက်တစ်စုံ
ဘယ်လောက်အထိ ဝေးခဲ့သလဲ .
. .
အိပ်ခန်းထဲက
ရှုပ်ပွနေတဲ့
စာအုပ်တွေနဲ့
အသက်ရှင်နေသူကရော
ဘာတွေကို ပြောခဲ့သလဲ . .
.
ဦးနှောက်ရဲ့
စဉ်းစားဥာဏ်တွေ
ယိုစီးမှုတိုင်းသာ
မှင်တွေဖြစ်ခဲ့ရင်
နှလုံးသား စာမျက်နှာမှာ
ငါရေးချလိုက်ပါတယ် . . .
အချစ်ဆုံးရေ
မင်းနာမည်လေးပဲပေါ့ . .
.။
သားဦး
(2.3.2009)
No comments:
Post a Comment