ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Friday, May 11, 2012

သူရိယ အကျဉ်းသား



အုတ်နံရံ သုံးဖက်ကာရံလို့
သံတိုင်ခြား မျက်နှာစာနဲ့
တကိုယ်စာ ဒီအခန်းထဲမှာ
အလွမ်းတွေကို စာဖွဲ့မိတယ် . . .။

ငါကရေးတယ်
သူတို့ကတွေးတယ်
အမှန်ကိုဘေးဖယ်ပြီး
လိုရာကိုသာ တွေးခဲ့ပြန်တော့
ငါရေးခဲ့စာတွေက မှားနေပြန်တယ် . . .။

ငါကမှားတော့ သူတို့မှန်တယ်
သူတို့မှန်တော့ ငါကမှားတယ်
ထားပါတော့ ဒီတစ်ခါ
နောက်တစ်ခါ မမှားချင်လည်း
ငါထပ်မှားရဦးမယ်ထင်တယ် . .. ။

သားဦး
24.3.09 (အင်္ဂါနေ့)
၂း၁၅ (နံနက်)

No comments:

Post a Comment