ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Thursday, May 17, 2012

မြန်မာမိန်းကလေးတွေ သတိထားဖို့ လိုပြီနော်…………..


ခေတ်နှင့်အညီ ပြောင်းလဲလာတဲ့ အတွေးအခေါ်၊ အယူအဆ၊ နေထိုင်မှု၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုတွေမှာ ၂၀ ရာစုနှင့် မတူညီနိုင်အောင် တိုးတက်ပြောင်းလဲလာခဲ့ပါပြီ။ ဒီလို ပြောင်းလဲခြင်းတွေမှာ လူသားတွေအနေဖြင့် ခံနိုင်ရည်ရှိဖို့ အတော်လေး အရေးကြီးလှပါတယ်။ အံ့သြသင့်စရာကောင်းအောင် တိုးတက်ပြောင်းလဲလာချိန်မှာ ခံနိုင်ရည်မရှိရင် ပါးစပ်အဟောင်းသားနှင့် ၂၀ ရာစုထဲမှာ ကျန်ရစ်နေခဲ့ရမယ်။ အဲဒီတော့ လိုက်လျောညီထွေ ပြောင်းလဲလာကြတယ်။ ပြင်ဆင်လာတတ်ကြတယ်။ အဲဒီအထဲမှာ စီးပွားရေး၊ ပညာရေး၊ အတွေးအခေါ်၊ အယူအဆတွေ တိုးတက်ပြောင်းလဲလာခြင်းဟာ အင်မတန်မှ ၀င့်ကြွားဂုဏ်ယူစရာ ကောင်းသလောက် ယဉ်ကျေးမှုမှာတော့ ကျွန်ုပ်တို့ မြန်မာပြည်ဟာ ဆုတ်ယုတ်ပြီး တိုင်းတပါး ယဉ်ကျေးမှုရဲ့အရိပ်အာဝါသအောက်မှာ နစ်မွန်းနေခဲ့တယ်။ ကိုယ်ပိုင် ယဉ်ကျေးမှုရှိပြီး ကိုယ်ပိုင် ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်စွမ်းတွေ နည်းပါးခဲ့ကြတယ်။ ယဉ်ကျေးမှုဟုဆိုရာဝယ် အနုပညာ၊ ၀တ်စားဆင်ယင်မှု၊ အသွားအလာ၊ အပြောအဆို၊ ကိုယ်မှုလက်မှုအားလုံးကို ဆိုလိုနိုင်သည်။ အထူးသဖြင့် မြန်မာမိန်းကလေးတွေ။ ဆယ်ကျော်သက် မြီးကောင်ပေါက်အရွယ်ကနေ ဟိုမရောက်
ဒီမရောက် အသက်လေးဆယ်ကျော် အရွယ်လွန်ကြီးတွေအထိ တွေ့ရတတ်သည်။ ဟိုတချိန်က မြန်မာ့ဝတ်ဆင်မှုကို စင်မြင့်ပေါ်မှာပဲ မြင်တွေ့ရတော့တယ်။ အခုတော့ လိုင်းကားစီးမလား၊ ဈေးဝယ်ထွက်မလား၊ ရုပ်ရှင်ကြည့်မလား၊ သင်တန်းတက်မလား၊ အတိုတွေ အကြပ်တွေနှင့် အရှက်လုံရုံသာ ဖုံးထားကြတယ်။ မ၀တ်ပါနဲ့တော့လား။ ဘာတွေကို ပြချင်နေသလဲ။ ဒါတွေကိုမှ ပြချင်နေရင် ဟောလိဝုဒ်မှာ ရုပ်ရှင်သွားရိုက်ပါလား။ ခေတ်နှင့်အညီ သွားလာလှုပ်ရှားရ လွယ်ကူအောင် ဖက်ရှင်ဖြစ်လာတဲ့ ထမီစကက်လောက်ဆို တော်သေးတယ်။ အခုတော့ အဲလို မဟုတ်တော့ဘူး။ ပုရိသတွေကို မြူဆွယ်သလိုလို။ တကယ်ပဲ ပြတော့မလိုလို။ လည်အဟိုက်နဲ့ ဘောင်းဘီအကြပ်ကိုမှ တိုသမှကို တိုလို့။ တထွာဆိုလား ဘာဆိုလား နာမည်ကလည်းကြီးလိုက်သေးတယ်။ အဲဒါတွေက တိုင်းတပါးက ထိုးဖောက်ဝင်ရောက်လာတဲ့ ယဉ်ကျေးမှုတွေ။ သူတို့တွေကို တို့ပြည်ကြီးကို တချိန်က စစ်ရေးအရ ကျူးကျော်တယ်။ နောက်တော့မဟာမိတ်ဆိုပြီး အုပ်ချုပ်ချယ်လှယ်တယ်။ အခုခေတ်တော့ အဲဒီလို မသိမ်းပိုက်တော့ဘူး။ အနုပညာ၊ ယဉ်ကျေးမှုတွေ ထိုးဖောက်ပြီး သိမ်းပိုက်တယ်။ တကယ်တော့ အဲဒီလို ၀တ်စားဆင်ယင်ခြင်းဟာ ခေတ်မှီခြင်းမဟုတ်ဘူး။ သူများက ယဉ်ကျေးမှုနဲ့ တိုက်ခိုက်ပြီး သူတို့ယဉ်ကျေးမှုရဲ့ ကျေးကျွန်ဖြစ်နေတာကို သိဖို့ကောင်းလောက်ပါတယ်။ တချိန်လုံး ကျွန်ဘ၀မှာ နေခဲ့ရတာ။ လွတ်လပ်တယ်လို့ လက်မထောင်ပြီး နေနိုင်ခဲ့တာ ဘယ်လောက်ကြာသေးလို့လဲ။ အဲဒါကို နောက်တစ်ခါထပ်ပြီး တိုင်းတပါး ယဉ်ကျေးမှုအောက်မှာ ကျေးကျွန်ထပ်ပြီး အဖြစ်ခံချင်သေးလို့လား။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို သတိရမိတယ်။ ခင်ဗျားတို့ ဗမာလူမျိုးတွေဟာ တလွဲသဘင်ကောင်းတယ်။ ခင်ဗျားတို့ အသုံးအနှုန်းကို သုံးလိုက်ပေမယ့် သူကိုယ်တိုင်ကလည်း ဗမာလူမျိုးပဲ။ ဒါပေမယ့် အဲဒီလို တလွဲသဘင်ကောင်းတဲ့အထဲမှာ ဗိုလ်ချုပ်မပါခဲ့ဘူး။ တကယ်တော့ ဗမာလူမျိုးတွေဟာ တလွဲသဘင်ကောင်းရုံတင်မဟုတ်ပါဘူး။ အယူပါလွဲနေတယ်လို့ ဗိုလ်ချုပ်အသက်ရှိထင်ရှားရှိနေရင် ပြောပြလိုက်ချင်ပါတယ်။ နောက်ပြောခဲ့တာ ရှိသေးတယ်။ လွတ်လပ်ရေး၊ လွတ်လပ်ရေး ကြွေးကြော်ပြီး အိမ်ရှေ့ ထမိန်ထွက်လှမ်းလို့ကတော့ ကျုပ်တို့တိုင်းပြည် ဖာတိုင်းပြည် ဖြစ်သွားမှာပေါ့တဲ့။ ဟုတ်တယ် ဗိုလ်ချုပ်ရေ……. အခု ကျွန်ုပ်တို့ တိုင်းပြည်မှာ အိမ်ရှေ့ထွက်လှမ်းစရာ ထမိန်တောင် မရှိတော့ဘူး။ အကုန်လုံးနီးပါး ….ာဖြစ်ကုန်လို့ဗျို့။ စစ်တမ်းကောက်ကြည့်လိုက်ရင် အပျိုစစ်ဆိုတာတောင် ရှားသလောက် ဖြစ်သွားပြီ။ ဗိုင်းကောင်းကျောက်ဖိ နေထိုင်တဲ့ မိန်းကလေး၊ မိဘအုပ်ထိန်းမှုကို နာခံတတ်တဲ့ မိန်းကလေးကလွဲရင်ပေါ့။ အဲဒါတွေကို ပြန်တွေးကြည့်စမ်းပါဦး။ အဲဒါတွေက တိုးတက်နေတာလား ဆုတ်ယုတ်နေတာလား။ နိုင်ငံခြားသားတွေက မေးတယ်။ မင်းတို့ မြန်မာမိန်းကလေးတွေက အဲဒီလိုလားတဲ့။ ငါတို့သိခဲ့တဲ့ မြန်မာမိန်းကလေးက အဲလို မဟုတ်ဘူးကွ။ အင်္ကျီ ရင်ဖုံးနှင့် လုံချည်လေးကို မြတ်မြတ်နိုးနိုးဝတ်ပြီး အမေရိကန်မှာတောင် ကျောင်းတတ်ခဲ့တာ။ အဲဒါကြောင့် မြန်မာမိန်းကလေးဆိုရင် ကမ္ဘာက အထင်ကြီးပြီးသားကွ။ အဲဒီလိုပြောတော့ အဲဒါဘယ်သူလဲလို့ မေးခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်။ မှန်လိုက်တာ။ နိုင်ငံခြားသားနဲ့ယူတယ်ဆိုတာ သူ့အနေအထားတစ်ခုကြောင့် ယူလိုက်တယ်။ ဒါပေမယ့် မြန်မာဝတ်စုံကို ချွတ်တယ်လို့တောင် မရှိခဲ့ဘူး။ ဒါတောင်မှ မြန်မာပြည်နဲ့ အဝေးကြီးမှာ နေခဲ့တာ။ အခု ပြည်တွင်းမှာ မြင်နေရတဲ့ မိန်းကလေးတွေကို အဲဒီမှာ သွားထားကြည့်လိုက်ပါလား။ ကမ္ဘာကျော်တဲ့ ကုမ္ပဏီတွေတောင် မြန်မာပြည်ကို ရိုက်ကွင်းဆင်းမလား မသိဘူး။ Playboy တို့၊ Private တို့လေ။ ဘာကြောင့်ဒါတွေကို ပြောနေရတာလဲ။ မြန်မာမိန်းကလေးတွေ ဆင်ခြင်ဖို့ အချိန်ကျပြီထင်လို့ ပြောနေရတာ။ တချိန်က မိန်းမလူထုကနေ အစိုးရကို ဆန္ဒပြတုန်းက ထမိန်းဇောက်ထိုး အလံလုပ်ပြီး တိုက်ပွဲဝင်ခဲ့တယ်။ အခုနေ ဆန္ဒပြရင် stocking ကို အလံလုပ်မလို့လား။ အဲဒါ မြန်မာ မိန်းကလေး မဟုတ်ဘူးကွ။ မင်းတို့ တက်လှမ်းနေတဲ့ ဒီမိုကရေစီကို ပြန်ကြည့်စမ်း။ ဆန်းစစ်ကြည့်စမ်း။ ကိုယ်ပိုင်စည်းကမ်းရှိမှ တိုးတက်မယ့် စနစ်ကွ။ မင်းတို့လို့ ပရမ်းပတာ ပုံစံမျိုးနဲ့ တက်လာလို့ကတော့ နောင်လာမယ့် အနှစ် ၂၀ စာကို ကြိုပြောလိုက်မယ်ကွာ။ ရန်ကုန်မှာ မြန်မာလူမျိုးဆိုပြီး လက်ညှိုးညွှန်ပြစရာတောင် ကျန်ပါ့မလား။ မင်းတို့သိပ်လေးစားတဲ့ မင်းတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီးတောင် မြန်မာဆန်ဆန် နေထိုင်နေတာပဲကွာ။ သူက ယဉ်ကျေးမှုကို အလေးထားနေသေးတာ။ မင်းတို့က အလေးမထားနိုင်ရင် သူရဲ့ အနောက်ကနေ လိုက်မနေနဲ့တော့။ ဒီလိုပုံစံ ဒီလိုအချိုးမျိုးကိုပဲ ဆက်သွားနေမယ်ဆိုရင် ဒီနေ့ ဒီမိုကရေစီရ၊ မနက်ဖန် လိုင်စင်ရ ….ာဖြစ်မှာပဲ။ လေ့လာချင်ရင် ဒီမိုကရေစီကျင့်သုံးနေတဲ့ ကိုယ့်အိမ်နီးချင်း ထိုင်းနိုင်ငံကိုပဲကြည့်ပေတော့ကွာ။

ပြောပြီးတာတွေကို အနှစ်ပြန်ချုပ်ရရင် မြန်မာမိန်းကလေးတွေ စည်းကမ်းရှိဖို့ လိုလာပြီ။ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ လိုအပ်လာပြီ။ မိမိကိုယ်ကို တန်ဖိုးထားတတ်ဖို့ လိုအပ်လာပြီ။ တိုင်းပြည်ကို ကမ္ဘာကလေးစားအောင်လုပ်နိုင်ဖို့အတွက် မိန်းကလေးထုတစ်ရပ်လုံးမှာ လိုအပ်လာပြီ။ ထပ်ပြောလိုက်မယ်။ တိုင်းတပါး ယဉ်းကျေးမှု ကျေးကျွန်အောက်ကနေ တော်လှန်တွန်းထွက်ဖို့ အချိန်ရောက်ပြီ။ မင်းတို့ ဘာလုပ်ကြမှာလဲ။ စဉ်းစားပေါ့ကွာ…….။

ကိုယ့်ပြည်ကိုချစ်ပါ။ ကိုယ့်စာကို လေးစားပါ။ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းပါ။

(မှတ်ချက်။ သားဦးရေးတာ ကြမ်းသွားရင် တိုက်ဆိုင်သူအပေါင်းမှ ခွင့်မလွှတ်ကြပါနှင့်။ လေးလေးစားစား လိုက်နာပြီး ပြုပြင်နိုင်ကြရန်သာ သားဦးမှ စေတနာထားပြီး ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာမိန်းကလေးအပေါင်း မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး မြန်မာဆန်ဆန်လေး ချစ်စရာကောင်းနိုင်ကြပါစေသော်……..)

No comments:

Post a Comment