ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Wednesday, May 23, 2012

မှန်တာပြောမယ်...........



၂၀၁၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှ အယ်ဒီတာ့ အာဘော်ကို ဖတ်မိပြီးသည်နှင့်တပြိုင်နက် ကိုယ့်ပြည်ကိုယ့်မြေအတွက် အမှန်တကယ်ပင် လိုအပ်ချက်များ၊ ပြုပြင်ရေးများကို အင်တိုက်အားတိုက် ပါဝင်လုပ်ကိုင်ချင်စိတ်တွေ ပြည်ပရောက် မြန်မာတိုင်းလိုလိုမှာ ဖြစ်ပေါ်ခဲ့ကြပါတယ်။ အရမ်းကောင်းတဲ့ အာဘော်တစ်ခုပါ။ ဒါပေမယ့်ဗျာ ပြောရဦးမယ်။ ပြုပြင်ပြောင်းလဲနေတယ်ဆိုတာတော့ ဟုတ်ပါပြီ။ ဘာတွေ ပြောင်းလဲနေတာလဲ။ မသိလို့ မေးတာပါ။ ပြုပြင်ပြောင်းလဲရေးတစ်ခုကို ဆောင်ရွက်တယ်ဆိုတာ ငါတို့က ဒီလို ပြောင်းလိုက်ပြီကွလို့ ပါးစပ်က အော်ဟစ်နေရုံနဲ့ မပြီးသေးဘူးဗျ။ တကယ်လုပ်ဆောင်ဖို့လည်း လိုအပ်နေပါတယ်။ နောက်တစ်ခု ဘယ်လုပ်ငန်းကိုပဲ လုပ်သည်ဖြစ်စေ၊ အောက်ခြေကနေစပြီး အထက်ဆုံးတိုင်အောင် တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲရပါတယ်။ ဟိုမရောက်ဒီမရောက်ကနေ စလို့ မရပါဘူး။ နောက်ပြီး အခန်းကဏ္ဍစုံစုံလင်လင်ကနေ တပြိုင်နက်တည်း လုပ်ဆောင်တတ်ဖို့လည်း လိုအပ်ပါတယ်။ အခုတော့ အဲလို မဟုတ်ပါဘူးဗျာ။ ဘယ်နေရာတွေမှာ ပြုပြင်ပြောင်းလဲနေမှန်းတောင် မသိပါဘူး။ ကိုယ့်ပြည်တွင်းက သဘာဝစွမ်းအင်တွေကနေ အလကားရတဲ့ လျှပ်စစ်မီးကိုတောင် ပြည်တွင်းလုံလောက်အောင် မပေးနိုင်ပဲ ပြည်ပရောင်းစားတာ အရင်ဆုံး။ မလိုအပ်တဲ့နေရာတွေမှာတော့ လျှပ်စစ်မီးတွေ ဝေလျှံနေအောင် ထွန်းညှိထားတယ်။ အဲဒီနေရာတွေမှာ လျှပ်စစ်မီးတွေ ဝေနေမယ့်အစား တကယ် တိုင်းပြည်အတွက် စာတွေ ကျက်မှတ်ဖတ်နေတဲ့ ကျောင်းသားတွေရှိတဲ့အိမ်တွေကို စာကျက်ဖို့အတွက် မီးမပေးနိုင်ဘူးလားကွ။ ပြီးတော့မှ လျှပ်စစ်မီး မလုံလောက်သဖြင့် အလှည့်ကျစနစ်ဖြင့် မီးပေးမည်ဖြစ်ကြောင်း ကြေညာချက်တွေက တိုင်းပြည် တိုးတက်နေတာလားကွ ဟေ…..။ အောက်ခြေ အသေးအမွှားလေးတွေတောင် မပြည့်စုံအောင်၊ မလုံလောက်နိုင်အောက်ရှိနေသေးတာ။ ပြည်ပရောက်နေတဲ့ အတတ်ပညာရှင်၊ အသိပညာရှင်တွေကို ပြန်လာဖို့ ဖိတ်ခေါ်တော့ ဘာထူးမှာလဲ။ သူတို့ပြန်လာခဲ့ရင်ရော သူတို့ သိသမျှ တတ်သမျှနှင့် တိုင်းပြည်အတွက် လုပ်ပေးတယ်ပဲ ထားပါဦး။ သူတို့ လုပ်ပိုင်ခွင့်အားလုံးကို သူတို့ ရမှာလား။ ကတိပေးနိုင်လို့လားကွ ဟေ……။ စဉ်းစဉ်းစားစားလည်း လုပ်ပါဦးဗျာ………။

ထားလိုက်ပါဦးဗျာ….။ နောက်တစ်ခု ဆက်ပြောချင်သေးတယ်။ ပညာရှင်တွေကရော နိုင်ငံခြားတွေမှာ ဘာလုပ်ဖို့ သွားနေကြတယ်လို့ ထင်လဲ။ သူများတိုင်းပြည်ကို အထင်ကြီးလို့ သွားနေတဲ့ကောင် တကောင်မှ မရှိဘူးကွ။ ကိုယ့်တိုင်းပြည် စောက်သုံးမကျလို့ သူများဆီမှာ ကျွန်သွားခံနေရတာ။ အဲဒီလိုဖြစ်အောင် ဘယ်ကောင်တွေ လုပ်ခဲ့လဲကွ။ ပြန်စဉ်းစားစမ်းပါဦး။ ပြီးမှ ပြန်လာဖို့ ခေါ်တော့ရော ဘာထူးမှာလဲ။ သူတို့အတွက် ဘာတွေ လုပ်ပေးနိုင်မှာလဲ။ ကြက်ဥအရောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကြွယ်လှသည်တဲ့။ တိုင်းပြည်အုပ်ချုပ်တဲ့လူက ဒီစကားပြောရုံနဲ့ နောက်ကနေ သံယောင်လိုက်မနေနဲ့ကွာ။ ကိုယ်ပိုင် အတွေးအခေါ်ထည့်ပြီး ပြောလိုက်စမ်းလို့ အကြံပေးလိုက်ချင်တယ်။ လွန်တာရှိရင် ဆောရီးပဲ။ အမှန်တရားဘက်ဆိုတာထက် ထမင်းမ၀သေးတဲ့ ဆင်းရဲသားပြည်သူဘက်က ဆက်လက်ပြီး ရပ်တည်ပြီး ဆက်ပြီး တင်ပြနေပါဦးမယ်ဗျာ။

အမှန်တရားရဲ့ ဘက်တော်သား
သားဦး

No comments:

Post a Comment