ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Monday, March 4, 2013

ဇာတိမာန် သီချင်းလေးပါ

ဇာတိမာန်


ဒါ တို့တိုင်း တို့ပြည် တို့မြန်မာတွေ
ဒါ တို့တိုင်း တို့ပြည် တို့မြန်မာတွေ

မြင့်မြတ်တဲ့ ဂုဏ်ကျက်သရေ
ကျုပ်တို့ရဲ့ ရွှေထီးရွှေနန်း တင့်ဆန်းပေ

မြင့်မြတ်တဲ့ ဂုဏ်ကျက်သရေ
ကျုပ်တို့ရဲ့ ရွှေထီးရွှေနန်း တင့်ဆန်းပေ

အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်
ရာဇ၀င်ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ
ပိုင်ဆိုင်သူ ဘိုးဘွားဘီဘင် တို့အမွေ
တို့ပြည် တို့မြေ

ရိုးရာအခြေ မညှိုးပါသလေ
မျိုးသာကီနွယ် ဆင်းသက်ပေ
ဒါဆို့ရွှေထီ ဒါတို့မြေကြီး စည်ထီးခရိုင် ကိုယ်ပိုင်မြန်မာပြည်
တက်လူတွေ တက်လူတွေ
လုံ့လ၀ီရိယရှိကြစေ မျိုးဂုဏ်တက်အောင် ရွက်ဆောင်လေ တို့တာဝန်မှန်ပေ

အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်
ရာဇ၀င်ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ
ပိုင်ဆိုင်သူ ဘိုးဘွားဘီဘင် တို့အမွေ
တို့ပြည် တို့မြေ

မျိုးရိုးက တန်ခိုးရှိခဲ့သလေ
ထီးနန်းနဲ့ စံမြန်းလာတာတွေ

မျိုးရိုးနဲ့ တန်ခိုးရှိခဲ့သလေ
ထီးနန်းနဲ့ စံမြန်းလာတာတွေ

ကမ္ဘာမိုးမြေ တေဇာတော်ဖြိုးဝေ
မဟာမျိုးတွေ စိတ်အားတက်ကြလေ
ကမ္ဘာမိုးမြေ တေဇာတော်ဖြိုးဝေ
မဟာမျိုးတွေ စိတ်အားတက်ကြလေ

ရွှေမှန်ကင်း အစစ်ဝင်းဝင်းတောက်ခဲ့ပေ
နောင်လာနောက်သားတွေ သိအပ်ကြတဲ့အခြေ

ရွှေမှန်ကင်း အစစ်ဝင်းဝင်းတောက်ခဲ့ပေ
နောင်လာနောက်သားတွေ သိအပ်ကြတဲ့အခြေ

မြန်မာချင်း ရိုင်းပင်းစေ
ဘုန်းတန်းခိုး တိုးတက်ကြဖို့ ခေတ်ကောင်းရောက်ပေါ့လေ
မျိုးကျက်သရေ တိုးတက်စေ
အောင်ကြောင်းမင်္ဂလာအခြေ
တစ်မိုးအောက်မြေ တန်ခိုးတောက်ပေ
ခေတ်ကောင်းရောက်ပြီလေ
မျိုးကျက်သရေ တိုးတက်စေ
အောင်ကြောင်းမင်္ဂလာအခြေ
တစ်မိုးအောက်မြေ တန်ခိုးတောက်ပေ
ခေတ်ကောင်းရောက်ပြီလေ

အောက်ကျမခံဘူးဟေ့ အမျိုးသားတို့ရေ………
အောက်ကျမခံဘူးဟေ့ အမျိုးသမီးတို့ရေ………
မြန်မာအပေါင်း အကြောင်းသိစေ အာဇာနည်တွေ
ရွှေမှန်ကင်းအချင်းတို့ရေ အာဇာနည်တွေ
တိုင်းပြည်လုံးပဲ နယ်လုံးပဲ ညီညွတ်ကြစေ
မျိုးရိုးက အထက်တန်းစားတွေ

ရိုးရာအခြေ မညှိုးပါသလေ
မျိုးသာကီနွယ် ဆင်းသက်ပေ
ဒါဆို့ရွှေထီ ဒါတို့မြေကြီး စည်ထီးခရိုင် ကိုယ်ပိုင်မြန်မာပြည်
တက်လူတွေ တက်လူတွေ
လုံ့လ၀ီရိယရှိကြစေ မျိုးဂုဏ်တက်အောင် ရွက်ဆောင်လေ တို့တာဝန်မှန်ပေ

အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်
ရာဇ၀င်ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ
ပိုင်ဆိုင်သူ ဘိုးဘွားဘီဘင် တို့အမွေ
တို့ပြည် တို့မြေ

No comments:

Post a Comment