ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Thursday, June 28, 2012

TeamViewer အကြောင်း သိကောင်းစရာ



ကွန်ပျူတာနဲ့ ပတ်သက်ပြီး သိပ်မသိပါဘူးဗျာ။ သိသလောက်တော့ ပြောပြချင်လို့ပါ။ မှားတာရှိရင် ခွင့်လွှတ်ပါဗျာ။ လိုအပ်တာရှိရင်လည်း ဖြည့်တွေးပြီး ဖတ်ပေးပါလို့ ပဏာမ တောင်းပန်အပ်ပါတယ်။
တော်တော်များများလည်း ရင်းနှီးပြီးသားဖြစ်မှာပါ။ ကိုယ့်မှာ အင်တာနက်လိုင်းရှိရုံနဲ့ တဖက်က ချစ်သူ့ကွန်ပျူတာမှာ လိုအပ်တာများကို လိုသလို ပြုပြင်နိုင်တဲ့ ဆော့ဖ်ဝဲလ်လေးတစ်ခုပါ။ အသင့်အတင့်သော အင်တာနက် ကွန်နေရှင် ရှိနေရုံနဲ့ တဖက်လူရဲ့ ကွန်ပျူတာကို ထိန်းချုပ် ကိုင်တွယ်လို့ အဆင်ပြေတဲ့ Application တစ်ခုဆိုလည်း မမှားပါဘူး။ TeamViewer ကို အသုံးပြုနိုင်ဖို့အတွက် အရင်ဆုံး ဒေါင်းလုပ်ဆွဲပြီး Install လုပ်ထားဖို့ လိုပါတယ်။ တဖက်လူရဲ့ ကွန်ပျူတာမှာလည်း TeamViewer ကို Install လုပ်ထားဖို့ လိုအပ်ပါတယ်။ အဲဒါဆိုရင် စတင်သုံးလို့ရပါပြီ။ TeamViewer ကို ဖွင့်လိုက်ရုံနဲ့ Your ID, Password ဆိုပြီး ပေါ်လာမှာပါ။ အဲဒီလိုပဲ ကိုယ့်သူငယ်ချင်းစက်မှာလည်း TeamViewer ကို ဖွင့်ထားပြီး သူ့ရဲ့ ID နံပါတ်ကို တောင်းယူရပါလိမ့်မယ်။ ပြီးရင် Partner ID နေရာမှာ ကိုယ့်သူငယ်ချင်းစက်မှ TeamViewer ID နံပါတ်ကို ရိုက်ထည့်ပြီး Connect to partner ကို နှိပ်လိုက်ပါ။ password တောင်းတဲ့ Dialog Box တစ်ခု ကျလာပါလိမ့်မယ်။ ကိုယ့်သူငယ်ချင်းရဲ့ Password ကို တောင်းယူပြီး ရိုက်ထည့်လိုက်ပါ။ ပြီးလျှင် Log On ကို နှိပ်လိုက်ပါ။ ကိုယ့်ရဲ့ Screen မှာ သူ့ရဲ့ Desktop တစ်ခုလုံး ပေါ်လာပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်လိုသလို သူ့ရဲ့ ကွန်ပျူတာကို ကိုင်တွယ်လို့ ရပါပြီ။ ကိုယ့်ရဲ့ စက်ထဲက Data တွေကိုလည်း Copy ကူးပြီး သူ့ရဲ့ စက်ထဲမှာ Paste လုပ်ပေးလို့ရပါတယ်။ သူ့ရဲ့ ကွန်ပျူတာကို ကိုယ့်ကွန်ပျူတာ Screen ကနေ လိုသလို ကိုင်တွယ် အသုံးပြုနိုင်တဲ့ Software လေးတစ်ခုပါပဲ။ တော်တော်လေး အသုံးဝင်ပါတယ်။ နိုင်ငံခြားကို ရောက်နေတဲ့ ချစ်သူကနေ မြန်မာပြည်က ချစ်သူရဲ့ ကွန်ပျူတာကို ၀င်ရောက်ပြုပြင်ပေးနိုင်တဲ့ မြှားနတ်မောင် Software လေးတစ်ခုဆိုလည်း မမှားပေဘူးပေါ့ဗျာ။ သုံးကြည့်ကြပေါ့ဗျာ။ အဆင်ပြေရင်လည်း စာလေးတွေ ပြန်ခဲ့ပေါ့။ အဆင်မပြေရင်လည်း ထပ်မေးပေါ့ဗျာ။ ကျွန်ုပ် စိတ်ရှည်လက်ရှည်နဲ့ ပြန်လည် ဖြေကြားပေးပါ့မယ်ဗျာ။

Install  လုပ်ပြီးရင် Crack Folder ထဲက ဖိုင်တွေကို Copy ပြီး Crack ပြန်ဖြည်ဖို့ မမေ့ကြနဲ့ပေါ့ဗျာ။ အဲလိုမှ မဟုတ်ရင် (၇) ရက်ပဲ သုံးလို့ရတဲ့ အစမ်းသုံး Trail Version အဖြစ်ပဲ ရရှိပါလိမ့်မယ်။

TeamViewer ကို ဒေါင်းချင်ရင်တော့ ဒီနေရာလေးမှာ ဒေါင်းသွားပါဗျာ။

အားလုံးကို လေးစားလျက်
သားဦး

No comments:

Post a Comment